Friday 20 October 2023

သံဖြူဇရပ်မှ နယ်ထိန်းတဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA၊ PDF ထံခိုလှုံ


 သံဖြူဇရပ်မှ နယ်ထိန်းတဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA၊ PDF ထံခိုလှုံ


RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းတဦး လက်နက်ခဲယမ်းများနှင့်အတူ တောင်ညိုစစ်ကြောင်းထံ ဆက်သွယ်ကာ KNLA၊ PDF ထံ ခိုလှုံလာခဲ့ကြောင်း သိရသည်။


သံဖြူဇရပ် မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသည့် နယ်ထိန်း တပ်ကြပ် ထွန်းထွန်းလင်းသည်အောက်တိုဘာ ၂ ရက်နေ့က Glock .38 mm ၁ လက်၊ 38 ကျည် ၅ တောင့်၊ ကျည်ကာ ၁ ခု၊ လက်ပစ်ဗုံး ၁လုံး၊ icon ၁ လုံး၊ ရဲဦးထုပ် ၁လုံး၊ ဓါး ၁ ချောင်း၊ ဖုန်း ၂ လုံး၊ လက်ထိပ် ၁ခုတို့နှင့် KNLA၊ PDF ပူပေါင်းတပ်ဖွဲ့တွေထံ ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ၊ စစ်ဒေသခွဲမှူးရုံးမှ ထုတ်ပြန်ထားသည်။ 


စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အတွင်းအထက် အောက်ဖိနှိပ်သည့်ဒဏ်ကို မခံနိုင်ခြင်း၊ ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်တာကို မခံနိုင်ခြင်းတို့ကြောင့် CDM ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲတပ်ကြပ် ထွန်းထွန်းလင်းကို ဘတ်ငွေ ၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


#RedNewsAgency 

RNA: Website - https://rednewsagency.com/

RNA: Youtube- https://www.youtube.com/@rednewsmm/

RNA: Telegram- https://t.me/rednewsagency/ 

YouTube-subscribers : https://www.youtube.com/@rednewsmm/?sub_confirmation=1

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...