Friday 17 November 2023

လက်နက်ချအညံ့မခံတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို (၂၇) နာရီအတွင်း AA အပြီးသတ် သိမ်းပိုက်



 လက်နက်ချအညံ့မခံတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို (၂၇) နာရီအတွင်း AA အပြီးသတ် သိမ်းပိုက်


◼ စခန်းသိမ်းတိုက်ပွဲကနေ သုံ့ပန်း (၁၈) ဦး၊ လက်နက် အလက် (၄၀) ၊ ရန်သူ့အလောင်းများစွာရရှိ


နိုဝင်ဘာ ၁၇၊ ၂၀၂၃


လက်နက်ချအညံ့ခံရန်ပြောထားပေမယ့်လည်း အညံ့မခံတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊မောင်တောအခြေ စိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို (၂၇) နာရီအတွင်း AAအပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။


နိုဝင်ဘာလ (၁၆) ရက်၊ မနက် (၁၀) နာရီခန့်မှာ ရက္ခိုင့်တပ်တော်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီနေ့ နိုဝင်ဘာလ (၁၇) ရက် နေ့လယ် (၁) နာရီအချိန်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။


အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းနေတဲ့ ကြားကနေ စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲခြင်းဖြစ်ပြီး သုံ့ပန်း (၁၈) ဦး၊ လက်နက် အလက် (၄၀) ၊ ရန်သူ့အလောင်းများစွာနဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စခန်းသိမ်းတိုက်ပွဲအတွင်း AAဘက်က ကျဆုံး၊ ဒဏ်ရာရသူတချို့ရှိခဲ့ပြီးတော့ စခန်းသိမ်းတိုက်ပွဲကို ဦးဆောင်သူ၊ အကောင်အထည်ဖော် တပ်ဖွဲ့ဝင်တွေကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။


AAအနေနဲ့ ဆက်လက်ပြီးတော့လည်း လက်နက်ချအညံ့မခံတဲ့ အကြမ်းဖက် စစ်စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


#SpringRevolution

#PVTV

#PVTVNews

#PVTV Telegram Channel -https://t.me/pvtvmyanmar

#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...