Saturday 18 November 2023

ခမ်းပတ်မြို့၊ မြောက်စည်းရဲစခန်းနှင့် သီးဘွာလ်စခန်းတို့အား ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသော အားဖြင့်တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး


 ခမ်းပတ်မြို့၊ မြောက်စည်းရဲစခန်းနှင့် သီးဘွာလ်စခန်းတို့အား ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသော အားဖြင့်တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး 


ရန်ကုန် ၊နိုဝင်ဘာ ၁၇


၁၀၂၇ စစ်ဆင်ရေးမှ အစပြု၍ ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ CNDF Special Operation (အထူးစစ် ဆင်ရေး)ကို မဟာဗျူဟာကျကျချမှတ်ရေးဆွဲခဲ့ပြီး ခမ်းပတ်မြို့၊ မြောက် စည်းရဲစခန်းနှင့် သီးဘွာလ် စစ်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် - CNOက ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၃ ရက် နံနက် ၄ နာရီခွဲခန့်က ခမ်းပတ်မြို့ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတစ်ဦး သေဆုံးကာ MA2 သေနတ် ၃ လက်၊ M16 သေနတ် ၁ လက်၊ Short Gun သေနတ် ၂ လက်၊ကာဗိုင် သေ နတ် ၁ လက်၊ ၄၀ မမ - ၁ လက်၊ ၆ လုံးပြူး သေနတ် ၂ လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို CNDF ၊ SR2 ၊TDA ၊RCDF၊ABSDF နှင့် တမူးခရိုင်တပ်ရင်း (MOD) ပူးပေါင်း တပ်ဖွဲ့များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အကျအဆုံးမရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။


ထို့နောက် ခမ်းပတ်မြို့ထဲရှိ ခလရ - ၂၂၈ တပ်စခန်းကို ဆက် လက်ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်လေတပ်မှ ထောက်ပံ့ပေးသော ကျည်သေတ္တာများကိုလည်း ကြားဖြတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင် စီတပ်သား ၅ ဦး ခန့်သေဆုံးပြီး CNDF မှ ရဲဘော် Salai Lal Pek Thanga က တိုင်းပြည်နှင့် လူမျိုးအတွက် အသက် ပေး ဆပ်ခဲ့ရကြောင်း သိရသည်။


အလားတူ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကလေးမြို့နယ်၊မြောက် စည်းရွာရှိ ရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ၁၀ ဦးသေ ဆုံးကာ G3 သေနတ် ၆ လက်၊ G4 သေနတ် ၁ လက်၊ MAI သေနတ် ၁ လက်၊ MAT သေနတ် ၁ လက်၊ ၄၀ မမ - ၁ လက်၊ Uzi သေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၂ လက်၊ ၅.၅၆ ကျည် - ၂၂၇၄ တောင့်၊ ၇.၆၂ ကျည် - ၄၂၀ တောင့်၊ ၆၀ ပို့ကျည် - ၁၀ တောင့်၊ ၉ မမ ကျည် - ၄၈ဝ တောင့်၊ ကျည် ဘောက် - ၁၉ ခု၊ နင်းမိုင်း - ၁၅လုံး၊ ရှေ့ထွက်မိုင်း - ၈ လုံး၊ လက်ပစ်ဗုံး - ၇ လုံးနှင့် အခြား စစ်အသုံး အ ဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို CNDF ၊ RKDE ၊ SR ၊ ကလေးမြို့ နယ် ပကဖ နှင့် ကလေးခရိုင် တပ်ရင်း တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး CNDF ရဲဘော် Salai Thawng Tha Cung (@Cungte နှင့် RKDF မှ ရဲဘော်နှစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ခဲ့ရကြောင်း သိရသည်။


ထို့အပြင် နိုဝင်ဘာလ ၁၄ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က ဖလမ်းမြို့နယ်၊ သီးဘွာလ်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်ကြာ လက်နက်ကြီးများ၊ ဒရုန်းများ၊ လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး နိုဝင် ဘာ လ ၁၅ ရက် နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက် စစ် ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် အချိန်တိုအ တွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ MAI သေ နတ် ၄ လက်၊ MA3 သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း - ၂ လက်၊ RPG သီး - ၆၅ လုံး၊ ၄၀ မမ ဗုံးသီး အလုံး ၁၈ဝ ၊ ၆၀ မမ ဗုံးသီး - ၇၂ လုံး၊ အီနာဂါ အလုံး ၈၀ ၊ လက်ပစ်ဗုံး - ၆၃ လုံး၊ Drone Jammer- ၁ ခု၊ ၅.၅၆ ကျည် - ၁၆၂၅၂ တောင့်၊ ၇.၆၂ ကျည် - ၈,၁ဝဝ တောင့်၊ နင်းမိုင်း - ၅၁ လုံး၊ ရှေ့ထွက်မိုင်း - ၂၃ လုံးနှင့် အခြားစစ်အသုံး အဆောင် ပစ္စည်းများ သိမ်းဆည်းခဲ့ရကြောင်း၊ ထို့အပြင် ဂိုဒေါင်မှ ဆန်အိတ် ၆၁ အိတ်နှင့် စားသောက်ကုန်ပစ္စည်း များ၊ စခန်းအတွင်း မွေးမြူ ထားသော ကြက်၊ ဝက် များကိုလည်း သိမ်းဆည်းခဲ့ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါသီးဘွာလ်တပ်စခန်းမှ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းယူပြီးနောက် မနက် ၆ နာရီခွဲ အချိန်ခန့်တွင် ယင်းစခန်းအား မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ယင်းတပ်စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး CNDF မှ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...