Monday 20 November 2023

ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ချီးမြှင့်



 ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ချီးမြှင့်


ရန်ကုန်၊ နိုဝင်ဘာ ၁၉


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ချီးမြှင့်ခဲ့ကြောင်း KNU - မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။


နိုဝင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ဖာပွန် ဒေသ အခြေစိုက် ခမရ-၃၄၀ တပ်ရင်းမှ တပ်သား ၂ ဦးသည် ၎င်းတို့ တပ်စခန်းကို စွန့်ခွာလာပြီး KNLA-အမှတ် ၅ တပ်မဟာထံ အလင်းဝင်လာကြောင်း သိရသည်။


အဆိုပါ တပ်သား ၂ ဦးသည် MA-2 ၁ လက်၊ MA-1 ၁ လက်နှင့် ကျည်ဘောက် ၈ ခု၊ ကျည် ၇၀၀ တောင့်တို့ ယူဆောင်လာကြောင်း သိရှိရသည်။


အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်မှ တပ်သား ၁ ဦးသည် M-16 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၅ ခုနှင့် ကျည် ၁၀၅ တောင့် တို့ယူဆောင်လာပြီး အလင်းဝင်လာကြောင်း သိရသည်။


စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ဖာပွန်‌ဒေသအခြေစိုက် ခမရ-၃၄၁ တပ်ရင်းမှ တပ်သား ၁ ဦးသည် MA-1 ၁ လက်၊ ကျည်ဘောက်၄ ခုနှင့် ကျည် ၁၄၀ တောင့် ယူဆောင်လာပြီး KNLA-အမှတ် ၅ တပ်မဟာထံ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ စစ်ကောင်စီ တပ်သား ၄ ဦးကို နိုဝင်ဘာလ ၁၆ ရက်နှင့် ၁၂ ရက်နေ့တွင် တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ချီးမြှင့်ခဲ့ပြီး ဘေးကင်း လုံခြုံရာ ပို့ဆောင်ထားကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...