Tuesday 21 November 2023

MNDAA က တုန်းရှမ်းဒေသ ကြွယ်ပါးနေရာရှိ တပ်စခန်းကို သိမ်းပိုက်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်း ၁၅၈ ခု သိမ်းပိုက်ထား


 MNDAA က တုန်းရှမ်းဒေသ ကြွယ်ပါးနေရာရှိ တပ်စခန်းကို သိမ်းပိုက်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်း ၁၅၈ ခု သိမ်းပိုက်ထား


နိုဝင်ဘာ ၂၁၊ ၂၀၂၃ 


ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်‌ MNDAA က တုန်းရှမ်းဒေသရှိ တပ်စခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး၊ ၁၀၂၇ စစ်ဆင်ရေး ၂၅ ရက်မြောက်နေ့အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး စုစုပေါင်း ၁၅၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်မီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။ 


နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ၅:၁၅ အချိန်ခန့်မှာ MNDAA တပ်ဖွဲ့က တုန်းရှမ်းဒေသ၊ တာကျူချင့်ရွာ အနောက်တောင်ကုန်း ကြွယ်ပါးနေရာရှိ စစ်ကောင်စီတပ်စခန်းကို ချဉ်းကပ်လာကာ ဝန်းရံပိတ်ဆို့ထားခဲ့တာပါ။ 


နိုဝင်ဘာ၂၀ ရက်နေ့ နံနက် ၇း၀၄ အချိန်ခန့်မှာ ၎င်းတပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၈း၄၀ အချိန်မှာ‌ အပြီး သိမ်းယူနိုင်ခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။


ယမန်နေ့ နံနက် ၆ နာရီခန့်မှာ တာရွှေထန်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ကျော်ဟာ MNDAA သိမ်းပိုက်လိုက်တဲ့ ချောက်ပါးကျိုင့်စခန်းဟောင်းကို တန်ပြန်ထိုးစစ်ဆင်ရန် ကြံရွယ်ပြီးချီတက်လာခဲ့ပေမဲ့ MNDAA တပ်က နောက်ပြန်ဆုတ်အောင် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှာ အထိနာသွားပြီး တာရွှေထန်စခန်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။  


မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကိုးကန့် ရွှင်မာလင် နေရာတလျှောက်ရှိ စစ်ကောင်စီ တပ်စခန်း ၄ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။


#Oway #ABFSU #MNDAA #AA #TNLA #Operation1027

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...