Tuesday, 21 November 2023

ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးဖမ်းမိ၊ လက်နက် ၂၄လက်ရဟု PDF Zoland ပြော


 ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးဖမ်းမိ၊ လက်နက် ၂၄လက်ရဟု PDF Zoland ပြော


▪️Non CDMများနှင့် စစ်သား၊ ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံရန် သတိပေး


မိုးမိုး/People’s Spring


ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဗိုလ်မှူးတစ်ဦး အပါအဝင် ၁၃ဦး အရှင်ဖမ်းမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်-ဇိုလဲန်း(PDF-Zoland) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


ကနေဒီတောင် စစ်ကောင်စီတပ်စခန်းကို PDF Zoland တပ်ဖွဲ့များက ယနေ့ (နိုဝင်ဘာ ၂၁ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ရာ ၂နာရီအကြာတွင် စခန်းကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ကျန်သူများထွက်ပြေး၍ လိုက်လံဖမ်းဆီးရာ ညနေပိုင်း၌ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးကို ထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း PDF Zoland ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။


"ဗိုလ်မှူး အပါအဝင် အားလုံး ၁၂ကောင် အရှင်ရတယ်။ တစ်ကောင်သေ။စုစုပေါင်း သုံးကောင်သေ၊ အရှင်ဖမ်းမိတာ ၁၃‌ ကောင်။ ရန်သူ့လက်နက် ၆၀ မမ အပါအဝင် သေနတ် ၂၄လက် ၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းများ ၊ ကျည်ဆံအမြောက်အများ သိမ်းပိုက်ရရှိ"ဟု PDF Zoland ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။


ယနေ့ စခန်းသိမ်းတိုက်ပွဲအတွင်း PDF -Zoland ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်းလည်း အသိပေးထားသည်။


ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland) အနေဖြင့် ဌာနဆိုင်ရာ Non CDMများ CDM ဝင်ရန်၊ စစ်သားနှင့် ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဖိတ်ခေါ်ထားပြီး ယခုကဲ့သို့ဖိတ်ခေါ်သည့်ကာလ၌လာရောက်ခိုလှုံရန် PDF – Zoland ပြောရေးဆိုခွင့်ရှိသူက သတိပေးသည်။


"မဟုတ်ရင် စခန်းသိမ်း မြို့သိမ်း တိုက်ပွဲတွေလာတဲ့အချိန်မှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လာတော့မှာပဲဖြစ်ပါတယ်"ဟု PDF – Zoland ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။


ပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီတပ်များစခန်းချထားသည့် နေရာများ၌ သတိထားသွားလာရန် PDF-Zoland တာဝန်ရှိသူက ပန်ကြားသည်။


(ဖမ်းဆီးရရှိသူများနှင့် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - PDF - Zoland)

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...