Wednesday 8 November 2023

Breaking News- မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရရှိ၊ စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့


 Breaking News- မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရရှိ၊ စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့


ရန်ကုန်၊ နိုဝင်ဘာ ၇ 


ရှမ်းပြည်နယ်၊ မြောက်ပိုင်း မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် MNDAA ကိုးကန့်တပ်များက သိမ်းပိုက်လိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိကြောင်း MNDAA ၏ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ အချိန်တွင် ဒရုန်းတပ်များ အပါအဝင် MNDAA ဦးစီးသော တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့မှုကြောင့် မုံးကိုးဗျူဟာစစ်စခန်းကုန်းကို ရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် သံချပ်ကာ ကား တစ်စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားရရှိကြောင်း သိရှိရသည်။ 


"မုံးကိုးဗျူဟာကုန်းကို ဒီနေ့ နေ့လယ်မှာ သိမ်းပါတယ်။ မုံးကိုးမြို့ရဲ့ဘေးမှာ ထိုင်ထားတဲ့ ဗျူဟာကုန်း။သံချပ်ကာကားတစ်စီးရရှိပါတယ်။ ပန်လုံဗျူဟာကုန်းမဟုတ်ပါဘူး။ ပန်လုံဗျူဟာကုန်း မုံးကိုးရဲ့ အနောက်ဘက်မှာတည်ထားတဲ့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတစ်ခုပါ" ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောဆိုသည်။  


MNDAA က မူလက သံချပ်ကာနှင့်တင့်ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီဖြစ်ရာ ယခု သံချပ်ကာကားပါ ထပ်မံပေါင်းပါက စုစုပေါင်း စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...