Wednesday 13 December 2023

နမ့်ဆန်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား


 နမ့်ဆန်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား 


ရန်ကုန်၊ ဒီဇင်ဘာ ၁၃ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အတွင်း ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း တအာင်း TNLA သတင်းရင်းမြစ်က ပြောဆိုသည်။


ဒီဇင်ဘာလ ၁၂ ရက်နေ့ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ နမ့်ဆန်မြို စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ညနေ ၅ နာရီ ၄၀ မိနစ် အချိန်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သော နမ့်ဆန်မြို့နယ်ဘက်သို စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းက လက်နက်ကြီးဖြင့် ၁၀ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က နမ့်ဆန်မြိုနယ်အတွင်း Y12 လေယာဥ်ဖြင့် ဗုံး ၄ ကြိမ် လာရောက်ကြဲချခဲ့ကြောင်း သိရှိရသည်။ 


 အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီ ၀၃ မိနစ် အချိန် နမ့်ဆန်မြိုနယ် စစ်ကောင်စီ ရဲစခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ္စတို ၃ လက်၊ လက်နက် ၁၄ လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။  


(ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...