Wednesday 13 December 2023

Breaking News- ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF တပ်များက တိုက်ခိုက်သိမ်းပိုက် ၊ စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေ


 Breaking News- ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF တပ်များက တိုက်ခိုက်သိမ်းပိုက် ၊ စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေ


ရန်ကုန်၊ ဒီဇင်ဘာ ၁၃


ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန် တော်လှန်ရေးတပ်ဖွဲ့များက ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းအကြားရှိ ညောင်ပင်သာ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း၊ အဆိုပါစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ နံနက် ၇ နာရီကျော်အချိန်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ 


"ဒီမနက်မှာ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပါတယ်" ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး က ပြောဆိုသည်။ 


လက်ရှိတွင် ညောင်ပင်သာ ရဲစခန်းအနီးရှိ ကျေးရွာများမှ ပြည်သူတချို့မှာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြပြီး စစ်ရဟတ်ယာဉ်များကလည်း တောက်လျှောက်ဆိုသလို ပျံဝဲ ပစ်ခတ်နေကြောင်း သိရှိရသည်။ 


"ရဟတ်ယာဉ် ၂ စီး ဝဲနေပါတယ်။ ရဟတ်ယာဉ်ကလည်း ပစ်ခတ်သံတွေလည်း ကြားနေရတယ်။ အခု တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးက ညောင်ပင်သာထဲကို ပတ်ပြီး ဝဲနေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 


ပဲခူးတိုင်း၊ ဖြူးမြို့နယ်သည် ရန်ကုန်မြို့နှင့် ၁၄၂ မိုင်သာ အကွာအဝေးရှိပြီး ဖြူးမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက် သိမ်းပိုက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...