Thursday, 14 December 2023
မော်လူးမြို့သိမ်းတိုက်ပွဲ တွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိသော ဓာတ်ပုံများ ထုတ်ပြန်၊ မြို့ကို စစ်ကြောင်းထိုးလာမည့် စစ်တပ်၏ရန် ကာကွယ်ရန် တော်လှန်ရေးတပ်များက အသင့်ပြင်ထား
မော်လူးမြို့သိမ်းတိုက်ပွဲ တွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိသော ဓာတ်ပုံများ ထုတ်ပြန်၊ မြို့ကို စစ်ကြောင်းထိုးလာမည့် စစ်တပ်၏ရန် ကာကွယ်ရန် တော်လှန်ရေးတပ်များက အသင့်ပြင်ထား
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မောလူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကာ မော်လူးမြို့သိမ်းတိုက်ပွဲ ဓာတ်ပုံများကို ဓာတ်ပုံများကို ထုတ်ပြန်လိုက်ကြောင်း ABSDF မြောက်ပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင်မြို့တွင် ပြည်သူအများစု စစ်ဘေးရှောင်နေကြပြီး တော်လှန်ရေးတပ်များကလည်း မြို့ကို စစ်ကြောင်း ထိုး တိုက်ခိုက်လာမည့် စစ် တပ်၏ ရန်ကို ကာကွယ်ရန် အသင့်ပြင်ထားကြောင်း ၎င်းက သိရှိရသည်။
"လောလောဆယ်တော့ အခြေအနေက ငြိမ်ပါတယ်။ တော်လှန်ရေးတပ်တွေက မြို့ကို ကာထားတယ်။ စစ်တပ်ဘက်က စစ်ကြောင်းထိုးတက်လာရင် ကာကွယ်နိုင်ဖို့။ ပြည်သူတွေအများစု ၄ ပုံ ၃ ပုံလောက်ကတော့ စစ်ဘေးရှောင်နေကြတယ်။ ကျနော်တို့က ဝင်ပါလို့လည်း မခေါ်သလို မဝင်ပါနဲ့လို့လည်း မတားပါဘူး။ စစ်တပ်က နန့်စီးအောင်၊ အင်တော်မကျအောင် ပိုပြီးတော့ ကာမယ့်သဘောမြင်ရတယ်" ဟု ABSDF မြောက်ပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၂ နာရီခွဲခန့်က စ၍ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီဝန်းကျင်တွင် သိမ်းပိုက်ရရှိခဲ့ပြီးစစ်ကောင်စီရဲစခန်းအတွင်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင် အလောင်း ၁၇ လောင်းနှင့် စစ်သုံ့ပန်း ၇ ဦး၊ လက်နက်ငယ် ၂၁ လက် ခြောက်လုံး ပြူး ၁ လက်၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ G3 ကျည် ၃၀၀၀ ကျော်၊ MA ကျည် ၃၀၀ ကျော်၊ ၉ မမ ကျည် ၂၀၀ ကျော်၊ ရာဘာကျည် အတောင့် ၃၀ ၊ G3 ကျည်ဘောက် ၄၂ ဘောက် MA ကျည်ဘောက် ၆ ဘောက်၊ အူဇီကျည်ဘောက် ၆ ဘောက်၊ ကွန်ပျူတာ ၁ လုံး ၊ ဖုန်း ၂ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မော်လူးရဲစခန်းကို တိုက်ခိုက်နေစဥ်အတွင်း မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးမှာရှိ အကြမ်း ဖက်စစ်ကောင်စီ၏ အမတ- ၉၀၄ အမြောက်တပ် မှ ဟောင်ဝပ်ဇာများဖြင့် တရစပ် ပစ်ခတ်ခဲ့သည့် အပြင် မော်လူးမြို့ကို သိမ်းပိုက်ပြီးချိန် နံနက် ၇နာရီကျော်၌ လေယာဥ် ဗုံးကျဲခြင်း၊ ပွိုင့်ဖိုက် ဖြင့် ပစ်ခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် မော်လူးမြို့ရှိ ပြည်သူ ၁ သောင်း ဝန်းကျင် ဘေးလွတ်ရာသို့ တိမ်း ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ABSDF စစ်ကြောင်း ၁ KIA၊ KPDF ၊ ဒေသခံ ပကဖ၊ ပအဖ နှင့် ပလဖ ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) ရဲဘော် ၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားများ အနေဖြင့် အမြန်ဆုံးအလင်းဝင်ကြရန် ABSDF တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment