Thursday 7 December 2023

ကနီရဲစခန်းမှ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်


 ကနီရဲစခန်းမှ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ ဒီဇင်ဘာ ၇ 


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့မရဲစခန်းတွင် တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးလာပြီး ပြည်သူ့ရင်ခွင်ထံအလင်းဝင် ရောက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၅ ရက် ညနေ ၄ နာရီခန့်က ကနီမြို့မရဲစခန်းတွင် တာဝန်ကျနေသော အကြမ်းဖက် စစ်ကောင်စီတပ်သား ဖိုးလပြည့်သည် ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံဝင်ရောက်ရန် ကနီရဲစခန်းအတွင်းမှ လက်နက်ခဲယမ်းနှင့်များအတူထွက်ပြေးလာစဉ် လိုက်လံပစ်ခတ်ခံရသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ် ပြီးခက်ခက်ခဲခဲထွက်ပြေးခဲ့ရခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၆ ရက် ညပိုင်းတွင် ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့ထံသို့ ရောက်ရှိကာ လက်နက်ခဲယမ်းများကို အပ်နှံအလင်းဝင်ခဲ့ကြောင်း သိရသည်။


“ကနီမြို့မရဲစခန်းကနေ စထွက်တော့ ရဲစခန်းမှာရှိတဲ့ စစ်ခွေးတွေက လိုက်ပစ်လို့ တိုက်ပွဲငယ်ဖြစ်ခဲ့ သေးတယ်ဗျ၊ ကျနော်တို့အဖွဲ့နဲ့ အဆက်အသွယ်ချိတ်ထားပြီးထွက်လာတာ၊ ကနော်တို့အဖွဲ့ထံကို ၆ ရက်နေ့ ညပိုင်းမှ ရောက်လာတယ်၊ MA တစ်လက်၊ ကျည်ဘောက်အပို ၄ ခုနဲ့၊ ကျည် ၁၄၀ ပါ လာ တယ်” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။


အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား ဖိုးလပြည့်သည် ကလေးမြို့အခြေစိုက် ခလရ ၈၇ တပ်မှ တပ်သားတစ်ဦးဖြစ်ပြီး MA-2 - ၁ လက်၊ ကျည်ဘောက် - ၅ ခု၊ ကျည် - ၁၄၀ တို့ဖြင့် အလင်း ဝင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ / ၂၂ / ၂၃ (KLG PDF - ကျောက်လုံး ကြီး)ကလည်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ရန် စီစဉ်ပြီးပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...