Friday, 8 December 2023

တအာင်းဒေသက အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်း ၂ခုကို TNLA ထပ်မံသိမ်းပိုက်


 တအာင်းဒေသက အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်း ၂ခုကို TNLA ထပ်မံသိမ်းပိုက်

■အကြမ်းဖက် စစ်သုံ့ပန်းနဲ့ ရဲ ၅ ဦး အရှင်မိပြီးလက်နက်ခဲယမ်းတွေရ

ဒီဇင်ဘာ ၈၊ ၂၀၂၃


ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းဒေသက ကျောက်မဲမြို့နယ်က စစ်တပ်ရဲ့ လယ်ကြီးတပ်စခန်းနဲ့ မန်တုံမြို့နယ် စစ်ကောင်စီ ခိုမုန်း(မန်နား)တပ်စခန်း ၂ခုကို တအာင်းတပ်မတော် TNLAက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။


ဒီဇင်ဘာ ၇ရက်က တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသမှာရှိတဲ့ ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို တအာင်းတပ်မတော် TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။


အဲဒီစခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း(၂)ဦး၊ ရဲ(၃)ဦး၊ ၆၀မမ၊ ၈၀မမ လက်နက်ကြီးအပါအဝင်၊ လက်နက် ၁၀ လက်နဲ့ စစ်သုံ့ဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ TNLAက ဖော်ပြပါတယ်။


အလားတူ တစ်ရက်ထဲမှာဘဲ တပ်မဟာ(၃)စစ်ဒေသမှာရှိတဲ့၊ မန်တုံမြို့နယ် စစ်အုပ်စုရဲ့ ခိုမုန်း(မန်နား)တပ်စခန်းကိုလည်း တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အဲဒီခုတပ်စခန်း (၂) ခုအပါအဝင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာလ ၈ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို TNLAက သိမ်းပိုက် ရရှိခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


#SpringRevolution

#PVTV

#PVTVNews

#PVTV Telegram Channel -https://t.me/pvtvmyanmar

#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...