Friday 8 December 2023

မုန်းမြို့ရှိ ကော့ပြင်း စစ်ကောင်စီတပ်စခန်းကို KNLA ၊ PDF အပါအဝင် တော် လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်း၊ သေနတ် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


 မုန်းမြို့ရှိ ကော့ပြင်း စစ်ကောင်စီတပ်စခန်းကို KNLA ၊ PDF အပါအဝင် တော် လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်း၊ သေနတ် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဒီဇင်ဘာ ၈ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ကော့ပြင်းစစ်ကောင်စီတပ်စခန်းကို KNLA ၊ PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းလိုက်ပြီး သေနတ် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် အင်အား၃၀ခန့်ရှိသော မုန်းမြို့ ၊ကော့ပြင်းတပ်စခန်းကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့များအားလုံး စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ပြီး စခန်းကို မီးရှိုဖျက်ဆီးခဲ့ကြောင်း ၊ သေနတ် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ 


"MA 3 ၃လက်၊ ပစ္စတို ၁ လက်၊ ၆၀မမ ၁ လက် သိမ်းဆည်းရမိပါတယ်။ မိမိတို့ဘက်မှ အထိအခိုက်မရှိပါဘူး" ဟု ရဲဘော်တစ်ဦးက ပြောဆိုသည်။ 


လက်ရှိတွင် KNLA ၊ PDF အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်များက မုန်းမြို့ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီကလည်း မုန်းမြို့ကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။ 


ဓာတ်ပုံ- အမှတ် ၂ စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...