Saturday 9 December 2023

မန်တုံမြို့နယ်၊ စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို TNLA က တိုက်ခိုက်သိမ်း ပိုက်မှုတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ


 မန်တုံမြို့နယ်၊ စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို TNLA က တိုက်ခိုက်သိမ်း ပိုက်မှုတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

 


ရန်ကုန်၊ ဒီဇင်ဘာ ၉ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိမှုတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။ 


ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မန်တုံမြိုနယ် စစ်ကောင်စီ ခိုမုန်းတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊  အဆိုပါစခန်းသိမ်းတိုက်ပွဲတွင်  စစ်ကောင်စီ၏ ၆၀ မမ  လက်နက်ကြီးအပါအဝင်၊ ပစ္စတို(၁)လက်၊ လက်နက်(၅)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ဆိုသည်။ 


၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်ကြောင်း TNLA က တရားဝင်ကြေညာသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...