Saturday 9 December 2023

ပေါက်မြို့နယ်၊ သားကြီးတောင်ရေနံမြေ ရဲစခန်းမှ ဟင်းစားထွက်ရှာသည့် ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီး၊ လက်နက်များပါ သိမ်းဆည်းရရှိ


 ပေါက်မြို့နယ်၊ သားကြီးတောင်ရေနံမြေ ရဲစခန်းမှ ဟင်းစားထွက်ရှာသည့် ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီး၊ လက်နက်များပါ သိမ်းဆည်းရရှိ 


ရန်ကုန်၊ ဒီဇင်ဘာ ၉ 


မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သာကြီးတောင်နယ်မြေရဲစခန်းမှ ဟင်းစားထွက်ရှာသည့် ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး လက်နက်များပါ သိမ်းဆည်း ရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။


ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက ပေါက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ သာကြီးတောင် ရေနံမြေရဲစခန်းမှ ရဲတပ်သား ၂ ဦးသည် ၎င်းတို့ အထိုင်ချထားသော ရဲစခန်းအတွင်းမှ ဟင်းစားရှာရင်း ကင်းလှည့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကင်းပုန်းဝပ်၍ဖမ်းဆီးခဲ့ကြောင်း သိရသည်။


အဆိုပါ ရဲတပ်သား ၂ ဦးထံမှ G3 သေနတ် ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၀၀ ၊ ဓား ၂ ချောင်း ၊ လက်ထိပ် ၁ ခု ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။


ဖမ်းရမိသော ရဲတပ်သား ၂ ဦးမှာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ပြန်လည်ခုခံခြင်းမရှိဘဲ အသာတကြည် ဖမ်းဆီး ခံခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးကို ဂျီနီဗာကွန်ဗန်းရှင်း ၊ပြည်သူကာကွယ်ရေးတပ်တော်၏ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...