Sunday 10 December 2023

လွိုင်ကော်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ယနေ့ သိမ်းပိုက်



 လွိုင်ကော်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ယနေ့ သိမ်းပိုက်


10 Dec 2023 By MPA CJ 013


ကရင်နီပြည်နယ်၊လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။


ယနေ့ (ဒီဇင်ဘာ၁၀ရက်)နံ နက် ၄နာရီခန့်မှစတင်ကာ  လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KNDFစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။


"မနက် ၄နာရီလောက်ကဝင်တိုက်တာပါ။မနက် ၉နာရီ ၁၅မိနစ်ဝန်းကျင်မှာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းနိုင်တာပါ"ဟု ၎င်းက ပြောသည်။


KNDFတပ်ခွဲမှူးတစ်ဦးကလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။


"ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းနိုင်တာဟုတ်ပါတယ်။ကျန်တာတော့ ဗဟိုက သတင်းထုတ်ပြန်ပါလိမ့်မယ်"ဟု၎င်းကပြောသည်။


တော်လှန်ရေးရဲဘော်အချို့သည် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထဲရှိ မော်တော်ပီကယ် ဆိုင်ကယ်(ရှေ့ပြေးယာဉ်)များပေါ် တက်ကာ အမှတ်တရဓာတ်ပုံရိုက်၍  ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ထားကြကြောင်း တွေ့ရသည်။


ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ လွိုင်ကော်မြို့ရှိ လွိုင်ကော်တောင်ဈေး မီးလောင် ပြာကျသွားခဲ့သည်။


သတင်းအပြည့်အစုံဖတ်ရန်  >>>> https://bitly.ws/35dsI

Telegram Link - https://t.me/MPANews

Twitter Link - https://twitter.com/mmpressphoto

MPA English Website - https://mpapress.com/en


Photo - လူမှုကွန်ရက်/ ပုံစာ - လွိုင်ကော်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တော်လှန်ရေးရဲဘော်များ အောင်ပွဲခံနေပုံ။


စာတည်း - ML

#ကရင်နီ #လွိုင်ကော် #KNDF #MPA #CJ013

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...