Monday, 11 December 2023

ရဲတပ်ဖွဲ့ဝင်ရှစ်ဦး အလင်းဝင်လာဟု ပလက်၀ CDF အသိပေး

ရဲတပ်ဖွဲ့ဝင်ရှစ်ဦး အလင်းဝင်လာဟု ပလက်၀ CDF အသိပေး


 မိုးမိုး/People’s Spring


ချင်းပြည်နယ် ပလက်၀မြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ဦးနှင့် ရဲတပ်ဖွဲ့ဝင်ရှစ်ဦး ချင်းကာကွယ်ရေးတပ်(CDF)ပလက်၀ထံ အလင်းဝင်ရောက်ခဲ့ရာ အဆိုပါ ရဲတပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများကို ယနေ့ထုတ်ဖော်ပြသခဲ့သည်။


စစ်ကောင်စီ၏ ရှင်းလက်ဝအခြေစိုက် ဗျူဟာ(၃) မှ တပ်ဖွဲ့ဝင် နှစ်ဦးသည် နိုဝင်ဘာ ၂၉ရက်တွင် CDFထံ အလင်းဝင်ခဲ့ပြီး ရှင်းလက်၀ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ရှစ်ဦးသည် ဒီဇင်ဘာ ၇ ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်။


CDF ပလက်၀က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး၏ပုံများကို တွေ့ရပြီး ရဲတပ်ကြပ်ကြီး သုံးဦး၊ဒုတပ်ကြပ် နှစ်ဦး၊ ရဲတပ်သား နှစ်ဦးတို့ကို တွေ့ရသည်။


အလင်းဝင်လာသူများ၌ လက်နက်ခဲယမ်း ပါလာခြင်းရှိ၊မရှိကို CDFပလက်၀၏ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။


ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ခိုလှုံလာသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးကို ဘေးကင်းလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး ထပ်မံ၍ ပြည်သူနှင့် အတူရပ်တည်မည့် တပ်မတော်သား၊ ရဲများကိုလည်း အမြဲကြိုဆိုလျှက်ရှိကြောင်း အသိပေးထားသည်။


(အလင်းဝင်လာသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပလက်ဝ CDF)
 

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...