Thursday 28 December 2023

နမ္မတူမြို့ကို တအောင်းတပ်မတော်က အပြီး သိမ်းပိုက်နိုင်ခဲ့ပြီး အလုံးစုံ ထိန်းချုပ်ထား



 ◼️နမ္မတူမြို့ကို တအောင်းတပ်မတော်က အပြီး သိမ်းပိုက်နိုင်ခဲ့ပြီး အလုံးစုံ ထိန်းချုပ်ထား


၂၈ ဒီဇင်ဘာ ||| နွေဦးအသံ |||  


နမ္မတူမြို့ကို တအောင်းတပ်မတော်က ၂ ရက်အတွင်း အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး နမ္မတူတမြို့လုံး တအောင်းတပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်ကို အလုံးစုံ ကျရောက်သွားပြီဖြစ်တယ်လို့ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း(၃၂၄) ကို တအာင်းတပ်မတော်(PSLF/TNLA) က ဒီဇင်ဘာ ၂၆ ရက်မှာ တအောင်းတပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၄ နာရီမှာ အပြီးသိမ်းယူနိုင်ခဲ့တာပါ။


တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်၊ Y-12 လေယာဥ်တွေနဲ့ SU-30 တွေကိုပါ အသုံးပြုပြီး အဆက်မပြတ် လေကြောင်းကနေ ခုခံခဲ့သလို လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ၃ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။


ဓါတ်ပုံ/ကိုးကား | ရွှေဖီမြေ


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...