Friday 29 December 2023

တမူးမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ သေနတ် ၆ လက်သိမ်းဆည်းရမိဟုဆို


 တမူးမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ သေနတ် ၆ လက်သိမ်းဆည်းရမိဟုဆို

=============

၂၉၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ဟုမ္မမလင်းလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ လက်နက်ငယ် ၆ လက်သိမ်းဆည်းရမိတယ်လို့ တမူးအမှတ် ၁ စစ်ဒေသကယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


အောင်ဇေယျ ဟုမ္မလင်းလမ်းမှာ ဗိုလ်မှူးဝင်းမင်းထွန်း(ဒု-တပ်ရင်းမှူး) ဦးစီးတဲ့ ခမရ-၃၀၉ SNAနှင့်ပျူစောထီး ပူးပေါင်းအင်အား ၃၅ ဦးကို တမူးခရိုင်အထူးလှုပ်ရှားတပ်ရင်းနှင့် Kuki National Army-Burma ပူးပေါင်းတပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရှိကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သေနတ် ၆ လက်၊ ဗုံးသီး ၃၁ လုံး၊ ကျည်မျိုးစုံ ၂၃၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...