Friday 29 December 2023

ကော့ကရိတ်ရှိ တောင်ကြာအင်းရဲစခန်းကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ


 ကော့ကရိတ်ရှိ တောင်ကြာအင်းရဲစခန်းကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ


နိုင်ပကောင်း/People's Spring


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှာရှိတဲ့ တောင်ကြာအင်းရဲစခန်းကို KNU ပူးပေါင်းတပ်တွေ မနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ သိမ်းယူလိုက်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။


တောင်ကြာအင်းရဲစခန်းဟာ ကော့ကရိတ်မြို့နယ်အပိုင်ထဲမှာပါပြီး KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားတဲ့နယ်မြေမှာတည်ရှိတာပါ။


" "သိမ်းလို့ရပြီကြားတယ်၊ တချို့(စစ်ကောင်စီတပ်ဖွဲ့ဝင် ) သေတယ်၊ တချို့လက်နက်ချတယ်၊ မြောက်ကြာအင်း(တံတားဂိတ်)ကတော့ မသိရသေးဘူး" လို့တောင်ကြာအင်းဒေသခံတစ်ဦးက ပြောပါတယ်။


ရဲစခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်ချိန်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ပစ်ကူပေးတိုက်ခိုက်တာတွေရှိတယ်လို့သိရပါတယ်။


" လေယာဉ်က ဗုံးနဲ့ကြဲတာမဟုတ်ဘူး၊အပေါ်ကနေ လှမ်းပစ်တာ" လို့ တောင်ကြာအင်းဒေသခံကဆိုပါတယ်။


ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကော့ကရိတ်မြို့ကို သိမ်းဖို့အတွက် KNU နဲ့ ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာလဆန်းပိုင်း က ကော့ကရိတ်မြို့တွင်း မြို့ပြင်မှာရှိတဲ့ စစ်တပ်စခန်းတွေကို အပြင်းအထန်ဝင်တိုက်ခိုက်ခဲ့ပါတယ်။


တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအာရှလမ်းမကြီးလည်း ပိတ်သွားခဲ့ပြီး ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။


ပုံ/စာ

crd

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...