Friday 29 December 2023

လားရှိုးမြို့က စစ်ကောင်စီတပ်သားတစ်ဦး သေနတ် ၁ လက်နှင့်အတူ TNLA ထံ အလင်းဝင်


 လားရှိုးမြို့က စစ်ကောင်စီတပ်သားတစ်ဦး သေနတ် ၁ လက်နှင့်အတူ TNLA ထံ အလင်းဝင် 


ဒီဇင်ဘာလ ၂၉ ရက် 

တအာင်းပြည်နယ် 


တအာင်းပြည်နယ် တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့က စစ်ကောင်စီတပ်သားတစ်ဦးသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို မကြိုက်တာကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထံ သေနတ် ၁ လက်၊ ကျည် (၂၀၀)ကျော်နှင့်အတူ အလင်းဝင်ခဲ့သည်။ 


ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လားရှိုးမြို့တွင်းလုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ် လက်အောက်ခံ ခြေမြန်ရင်း - ၅၁၂ က တပ်သား ဟိန်းမင်းဦးသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ကြိုက်နှစ်သက်မှုမရှိခြင်း၊ မြောက်ပိုင်းညီနောင်မဟာမိတ်နှင့်အတူ ပြည်သူလူထုဘက်ကရပ်တည်လိုတာကြောင့် PSLF/TNLA ထံ ဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။ 


နိုဝင်ဘာလ ၈ ရက်နေ့ကလည်း လားရှိုးမြို့နယ် ကုန်စုံရွာက စစ်ကောင်စီ၏ ခမရ - ၃၆၂ က တပ်သားတစ်ဦးသည် စစ်မတိုက်လိုတော့တာကြောင့် လက်နက်ခံယမ်းနှင့်အတူ PSLF/TNLA ထံအလင်းဝင်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ စစ်သားများ၊ ရဲများနှင့် ဌာနအသီးသီးတွင်တာဝန်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်ကြရန် ဖိတ်ခေါ်ပါသည်။ 


#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...