Thursday 7 December 2023

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကင်းစခန်း တိုက်ခိုက်ခံရ


 အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကင်းစခန်း တိုက်ခိုက်ခံရ

---------------------

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အခြေစိုက်သည့် စစ်ဌာနချုပ် မြောက်ဘက် မိုင်ဝက်အကွာမှ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့က ပစ်ခတ်ရာ စစ်သားများ ထွက်ပြေးသွားသည်။


မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စခန်းအတွင်း စစ်သားအလောင်းတစ်လောင်း ကျန်ရစ်ခဲ့ကာ MA 11 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည် ၅၀၀ ကျော်၊ ဗုံးသီး ၁၅ လုံး၊ ဖုန်း ၇ လုံး၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်များ၊ ကျောပိုးအိတ်နှင့် ဆေးပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးအဖွဲ့တစ်ခုထံမှ သိရသည်။


အောက်တိုဘာလကုန်ပိုင်းမှစ၍ တော်လှန်ရေးအင်အားစုများက နိုင်ငံအနှံ့ ထိုးစစ်ဆင်နေရာ မြို့၊ စစ်စခန်း၊ ရဲစခန်းတချို့ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးနေရသည်။


အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/46581/


ပုံစာ - အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကာကင်းစခန်းထံမှ တော်လှန်ရေးအဖွဲ့ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များ။ (ဓာတ်ပုံ - Depeyin Local Mobile Team)


#MyanmarNow #မုံရွာ #နမခ

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...