Tuesday, 19 December 2023

#Breaking News မတူပီမြို့နယ် ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်


 #Breaking News


မတူပီမြို့နယ် ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်


ဧရာဝတီတိုင်းမ်

(မတူပီ)၊ ဒီဇင်ဘာ ၁၉ ရက်


ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝနယ်စပ်ရှိ ထေဘွေးတပ်စခန်းကို ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။


မတူပီမြို့နယ်၊ ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ ချင်းကာကွယ် ရေးတပ်ဖွဲ့ (မင်းတပ်)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့(လောက်တူ)တို့က ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့  နံနက်ပိုင်းမှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


“ဒီနေ့၊ မနက်ပိုင်းမှာ ထေဘွေတပ်စခန်းကို အောင်မြင်စွာနဲ့ အပြီးသိမ်းပိုက်နိုင်ပါပြီ။ မကြာမီသတင်းအပြည့်အစုံထုတ်ပြန်ပါ့မယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


စခန်းသိမ်းပိုက်မှု အခြေအနေ အသေးစိတ်နှင့် ပတ်သက်၍ ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့်    ဆက်လက်စုံစမ်းလျှက်ရှိသည်။ 


ချင်းကာကွယ်ရေးပူးပေါင်းတပ်က ထေဘွေးတပ်စခန်းကို တိုက်ခိုက်နေစဥ် စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် မတူပီမြို့နယ် ဗန်ကိုင်ကျေးရွာမှ ဒေသခံအမျိုးသား သုံး ဦးနှင့် အမျိုးသမီး တစ် ဦးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။


ပုံစာ-စစ်ကောင်စီ ထေဘွေးတပ်စခန်း (ပုံဟောင်း)


#မတူပီမြို့နယ် #ထေဘွေးတပ်စခန်း #ချင်းကာကွယ်ရေးပူးပေါင်းတပ် #သိမ်းပိုက် #Breaking_News #Ayarwaddy_Time

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...