Wednesday 27 December 2023

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ နတ်သံကွင်းမြို့အနီးက အုန်းနှဲပင်စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၈ ဦးသေဆုံး...


 KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ နတ်သံကွင်းမြို့အနီးက အုန်းနှဲပင်စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၈ ဦးသေဆုံး...

++++++++++++++

ဒီဇင်ဘာ ၂၇ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များက  အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားသလို မြို့အနီးက အုန်းနှဲပင်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၈ ဦးသေဆုံးသွားတယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း -တောင်းပိုင်း တိုင်း တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 


ကျောက်ကြီးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နဲ့ နတ်သံကွင်းမြို့ကြားရှိ အုန်းနှဲပင်စစ်တပ်ဂိတ်ကို ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၄ နာရီခန့်အချိန် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အလောင်း ၈ လောင်း၊ သေနတ် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သလို နတ်သံကွင်းမြို့ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ 


အဲ့ဒီတိုက်ခိုက်မှုကို ရိုးမ၂ စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နတ်သံကွင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများစွာနဲ့ ဒေသခံပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်များအပါအဝင် ပြည်သူများ ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ သိရပါတယ်။ 


အခုအခါ နတ်သံကွင်းမြို့ကို KNLA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထား နိုင်ပြီဖြစ်တယ်လို့ ရိုးမ စစ်ကြောင်း ၂ အထူး ကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...