Tuesday 5 December 2023

အင်းတော်မြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၀၂ ဦး အလင်းဝင်ရောက်


 အင်းတော်မြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၀၂ ဦး အလင်းဝင်ရောက်


ရန်ကုန်၊ ဒီဇင်ဘာ ၅ 


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၀၂ ဦး အလင်းဝင်ရောက်လာခဲ့ပြီး ကျန်ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထားအလင်းဝင်ရောက်ကြရန် အင်း‌ တော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။


အင်းတော်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းအားလုံး ဒီ ဇင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ဆဲဖြစ်သည့် ရုံးလုပ်ငန်းအားလုံးကို ရပ်တန့်ကာ ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရထံ အလင်း ဝင်ရောက်ကြရန်၊ Non-CDM ဝန်ထမ်းများသည် အစိုးရ သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထား သော ဒေသဆိုင်ရာ အာဏာပိုင်တစ်ရပ်ရပ် တို့က ပိုင်ဆိုင်သည့် သို့မဟုတ် ယင်းတို့အား လွှဲအပ်ထား သည့် သို့မဟုတ် အသုံးပြုရန် ကြံရွယ်ထား သည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာ တန် ဆာပလာ သို့မဟုတ် အခြားပစ္စည်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် သတိပေးတိုက်တွန်းထားသည်။


“လက်ရှိ CDM ဝင်နေကြတာတွေလည်းရှိတယ်၊ စုစုပေါင်းကတော့ ၁၀၂ ယောက်တော့ စာရင်းရထား ပြီ၊ လက်ရှိ ၁၀၂ ယောက်ထဲမှာတော့ ရိုးရိုးလက်နက်မကိုင်တဲ့ Non CDM ဝန်ထမ်းတွေပဲရှိတယ်ဗျ၊ လက်နက်ကိုင်ထားတဲ့ရဲတို့ စစ်သားတို့တော့မပါသေးဘူး၊ လက်ရှိ CDM ဝင်လာတဲ့သူတွေကို ကန့် တစ်ခုမှာ ခဏထားပြီး ခံဝန်လက်မှတ်တွေထိုးခိုင်းတယ်၊ စစ်ကောင်စီနဲ့ လုံးဝပတ်သက်ခြင်းမပြုကြဖို့၊ ကိုယ့်အိမ်ကို အေးဆေးနေကြဖို့အတွက် ခံဝန်လက်မှတ်ထိုးပြီးတော့ နေအိမ်တွေကို ပြန်ပို့ထားတယ် ဗျ”ဟု အင်း‌တော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ညွှန်ကြားချက် များနှင့်အညီ CDM ဝန်ထမ်းများကို ထိထိရောက်ရောက် ကူညီခြင်း၊ တော်လှန်ရေးကို ထိထိရောက် ရောက် ပါဝင်ကူညီခြင်းပြုခဲ့သည်ဟု အထောက်အထား ခိုင်လုံသည့် Non-CDM ဝန်ထမ်းများကို စိစစ် ချိန်ဆ၍ အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် ကြားကာလအတွင်း သတ်မှတ်ထားသည့် ကာလ တို စာချုပ်ဖြင့် တာဝန်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဒီဇင်ဘာလ ၂၃ ရက်နေ့ အထိ အလင်းဝင်ရောက်ခြင်း မရှိသည့် Non-CDM ဝန်ထမ်းများကို တည်ဆဲ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဖြစ်ပါသဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ပြီး အလင်းဝင်းရောက်ရန် သတိပေးနှိုးဆော်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


“CDM မဝင်ရသေးတဲ့ ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းမနေပဲနဲ့ ပြည်သူ့ဆီ ကိုအမြန်ဆုံး ဝင်ရောက်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု အင်း‌တော်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


လွန်ခဲ့သည့် ဇွန်လပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးလက်နက်အပြည့်အစုံဖြင့် ထွက် ပြေးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ခိုလှုံမှုရှိခဲ့ပြီး အင်းတော်မြို့နယ်၊ မဲဇာရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်းလက်နက်အပြည့်အစုံဖြင့် အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ထံ အလင်းဝင်ရောက်မှုရှိခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

No comments:

Post a Comment

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊

 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိ...