Tuesday, 5 December 2023
ကော့ကရိတ်နှင့် ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို ပစ်မှတ်ထား ဗုံးကျဲနေ၍ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
ကော့ကရိတ်နှင့် ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို ပစ်မှတ်ထား ဗုံးကျဲနေ၍ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ ဒီဇင်ဘာ ၅
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို ပစ်မှတ်ထား ဗုံးကျဲနေ၍ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် မွန်ပြည် နယ် ကျိုက်မရောမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ဆက်လက် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်က လေ ကြောင်း ဖြင့်သာ ပစ်ကူ အများအပြားအသုံးပြု၍ ပြည်သူပိုင် နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဒေသ ပြည်သူအများအပြား၏ နေအိမ်များ ပျက်ဆီးကာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ဗိုလ်အယ်စေးဝါး ဦးဆောင်သောမဟာမိတ် ပူးပေါင်းတပ်ဖွဲများနှင့် အကြမ်းဖက် စစ်တပ်တို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ခြေလျင်တပ်များ အခြေအနေ ဆိုးရွားနေပြီး လေကြောင်းပစ်ကူအများအပြားအသုံးပြု၍ တောင့်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြားပြီး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ကျဆုံးမှုရှိကြောင်း မြေပြင် သတင်းရင်းမြစ်များထံ သိရသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ နိုင်ပကောင်း၊ဟန်နွေ /People's Spring ဖာပွန် - ဘီးလင်း ကားလမ်းမ အနီးက စ...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment