Tuesday 5 December 2023

ကောလင်းနှင့် ဝန်သိုမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၅၈ ဦး အလင်းဝင်


 ကောလင်းနှင့် ဝန်သိုမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၅၈ ဦး အလင်းဝင်


ရန်ကုန်၊ ဒီဇင်ဘာ ၅ 


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ Non CDM ဝန်ထမ်း ၁၅၈ ဦး ဦးအလင်းဝင်ရောက်ခဲ့ကြောင်း NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။


ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက်အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်း များ ဒီဇင်ဘာလ ၂၅ ရက်နောက်အဆုံးထားပြီး ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံဆက် သွယ် အလင်းဝင်ကြရန် ထုတ်ပြန်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထွေအုပ် ဝန်ထမ်း ၁ ဦး၊ ပညာရေးဌာနမှ ဝန်ထမ်း ၃၃ ဦး၊ စည်ပင် ၅ ဦး၊ လျှပ်စစ်ဌာနမှ ၅ ဦး၊ အခွန်ဦးစီးဌာနမှ ၂ ဦး၊ သစ်တောဌာနမှ ၇ ဦး၊ မီးသတ်ဌာနမှ ၁ ဦး၊ စိုက်ပျိုးရေး ဌာနမှ ၂ ဦး၊ မြန်မာ့စီးပွားရေးဘဏ်မှ ၂ ဦး၊ မီးရထားဌာနမှ ၂၀ ဦး၊ မီးရထားရဲတပ်ဖွဲ့ဝင် ၁ ဦး၊ ဆက် သွယ် ရေးဌာနမှ ၁ ဦး၊ အား/ကာမှ ၂ ဦး၊ မြေစာရင်းဌာနမှ ၁၃ ဦး၊ လဝက ၁ ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ၂ ဦး စုစုပေါင်း ၉၈ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။


အလားတူ ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ အလင်း ဝင် ရောက်လာသူ Non CDM ဝန်ထမ်း ၆၀ ဦးရှိပြီး ၎င်းတို့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် အမျိုး သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ နှင့်အညီ စီမံခန့်ခွဲနိုင်ရန် ညွှန်ကြားချက်များအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးများနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ "Non CDM ဝန်ထမ်းများ အလင်းဝင် ရောက်ကြရန်" ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ အဆို ပါ ထုတ်ပြန်ချက်သည် Non CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်သည့် နောက်ဆုံးသော အခွင့်အရေးဖြစ်ပြီး ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နှင့် လိုက်နာဆောင်ရွက် ခြင်း မရှိပါက ဥပဒေများအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...