Sunday 24 December 2023

မန်တုံမြို့ ရှိ ခလရ-၁၃၀ ဗျုဟာကုန်း၊ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ် တပ်စခန်း၊ ရဲစခန်းနှင့် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများအား လုံး ကို အလုံးစုံ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း TNLA ကြေညာ




 မန်တုံမြို့ ရှိ ခလရ-၁၃၀ ဗျုဟာကုန်း၊ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ် တပ်စခန်း၊ ရဲစခန်းနှင့် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများအား လုံး ကို အလုံးစုံ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း TNLA ကြေညာ


■ TNLA က မိုင်းလုံမြို၊ နမ့်ဆန်မြို၊ နမ့်ခမ်းမြို့နှင့် မန်တုံမြို့တို့ကို သိမ်းပိုက်ရရှိပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့ ၁၁ မြို့ရှိလာပြီ


ရန်ကုန်၊ ဒီဇင်ဘာ ၂၄ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ ရှိ ခလရ-၁၃၀ ဗျုဟာကုန်း၊ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ် တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများအားလုံးကို အလုံးစုံ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တအာင်း TNLAက ယနေ့ နံနက်ပိုင်း ကြေညာသည်။ 


ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၄ရက်ကြာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် အချိန် မန်တုံမြိုရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း၊မန်တုံမြို စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နှင့် တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် စခန်းဖြစ်ကြောင်း သိရှိရသည်။ 


မန်တုံမြို့ ရှိ စစ်တပ်စခန်းများကို TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက် တိုက်လေယာဉ်ဖြင့် ၄၃ ကြိမ် ၊ Y12 လေယာဥ်ဖြင့် ၁၈၃ ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် ၃၀ ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မန်တုံမြိုတိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ၁၃၇ ကြိမ် ထက်မနည်း မန်တုံမြိုတွင်းသို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပိုယာဥ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ (၉)ကြိမ် မန်တုံစခန်းကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။ 


မန်တုံမြို စခန်းသိမ်းတိုက်ပွဲ ၄ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၆၅ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၁၀၃၈ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၁၃၇ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ပြီး၊ တစ်ရက် ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်၊ တစ်ရက် ပျမ်းမျှ ဗုံးကြဲတိုက်ခိုက်မှု ၂၅၉ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကာ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စံချိန်တင် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


စစ်ကောင်စီ မန်တုံတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မန်တုံမြိုနယ် ဒေသခံ (၁)ဦး ဒဏ်ရာ ရရှိ၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၁၅)လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့သည်။


တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက် (၂)လက် အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က မိုင်းလုံမြို၊ နမ့်ဆန်မြိုနှင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြိုအဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။ 


၁၀၂၇ စစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုး၊ ကုန်ကြမ်း၊ ကွမ်းလုံ၊ နမ့်ခမ်းမြို့ ၊နမ့်ဆန်၊ မန်တုံနှင့် မိုင်းလုံမြို့ စုစုပေါင်း ၁၁ မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...