Sunday 24 December 2023

မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရရှိသော စစ်လက် နက်ပစ္စည်းများကို TNLA ထုတ်ပြ



 မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရရှိသော စစ်လက် နက်ပစ္စည်းများကို TNLA ထုတ်ပြ


ရန်ကုန်၊ ဒီဇင်ဘာ ၂၄ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီ ဗျုဟာမှူး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းများအားလုံးကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် သိမ်းဆည်းရရှိသော စစ်လက်နက်ပစ္စည်းများကို TNLA က ထုတ်ပြလိုက်သည်။ 


၁၀၂၇ စစ်ဆင်ရေးအဖြစ် မန်တုံမြိုနယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/ TNLA က ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်း ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...