Wednesday 10 January 2024

ရှမ်းမြောက်တွင် သိမ်းပိုက်မည့် မြို့ကြီးတချို့၊ စခန်းများ ကျန်ရှိနေဟု ညီ နောင် ၃ ဖွဲ့က ကြေညာ၊ လားရှိုး၊ မူဆယ်နှင့် ပြင်ဦးလွင်မှ တပ်မိသားစုနှင့် ပြည် သူတချို့ ထွက်ပြေး တိမ်းရှောင်နေ





 ရှမ်းမြောက်တွင် သိမ်းပိုက်မည့် မြို့ကြီးတချို့၊ စခန်းများ ကျန်ရှိနေဟု ညီ နောင် ၃ ဖွဲ့က ကြေညာ၊ လားရှိုး၊ မူဆယ်နှင့် ပြင်ဦးလွင်မှ တပ်မိသားစုနှင့် ပြည် သူတချို့ ထွက်ပြေး တိမ်းရှောင်နေ


■ ၁၀၂၇ စစ်ဆင်ရေးကြောင့် စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့ပြီး တော်လှန်ရေး အဖွဲ့များအနေဖြင့် နေ့စဉ် အောင်ပွဲများရယူနိုင်ရေး အားထုတ်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း


ရန်ကုန်၊ ဇန်နဝါရီ ၁၀ 


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့အနေဖြင့် သိမ်းပိုက်မည့် စစ်ဆင် ရေး ပစ်မှတ်များ၊ သိမ်းပိုက်ရယူရမည့်စခန်းများနှင့်မြို့အချို့ ကျန်နေသေး ကြောင်း ယမန်နေ့ ညပိုင်း တရားဝင် ထုတ်ပြန်ကြေညာသည်။   


ထို့အတူ ရက္ခိုင်ဒေသတွင်လည်း ရက္ခိုင့်တပ်တော်အနေနှင့် သတ်မှတ် ထား သည့် စစ်ဆင်ရေးပစ်မှတ်များကို အပြည့်အဝရရှိအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ကြေညာထားသည်။ 


လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်နှင့် မန္တလေးတိုင်း၊ ပြင်ဦး လွင်မြို့တို့တွင် တော်လှန်ရေးတပ်များ လာရောက်တိုက်ခိုက်မည်ဆိုသော သတင်း များ ကြောင့် တပ်မိသားစုများ ထွက်ပြေးနေကြပြီး မြို့မှ ပြည်သူတချို့ လည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။ အလားတူ မန္တလေး တိုင်း၊ မိုးကုတ်မြို့နယ်အနီးတွင်လည်း ယမန်နေ့ တိုက်ပွဲနှင့် ထိတွေ့မှုများ ဖြစ် ပွားခဲ့ကြောင်း ဒေသပြည်သူတချို့ထံမှ သိရှိရသည်။ 


ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ကြောင့် တော်လှန်ရေးတပ်ဖွဲ့များကို စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့များအနေဖြင့် နေ့စဉ် အောင်ပွဲများ ရယူနိုင်ရေး အားထုတ်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းပြောဆိုထားသည်။ 


ဇန်နဝါရီလ ၉ ရက်နေ့ အထိ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ၁၀၂၇ စစ် ဆင် ရေး၏ ၇၅ ရက်မြောက်နေ့တိုင်အောင် စစ်ဆင်ရေးကို ပုံမှန်ဆက် လက် ဆင်နွှဲလျက် ရှိပြီး မပြီးပြတ်သေးသည့် စစ်ဆင်ရေးပစ်မှတ်များကိုလည်း ဆက် လက်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း၊ တစ်ရက်မျှရပ်နားခဲ့ခြင်း မရှိ သော ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာပြည်သူလူထုတစ်ရပ် လုံးလိုလား သော ဆန္ဒ ဖြစ်သည့် "စစ်အာဏာရှင်စနစ်အမြစ်ပြုတ်စေရေး" ကို များစွာ အထောက် အကူပြုလိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ကြောင်း ညီနောင် မဟာ မိတ် ၃ ဖွဲ့က ဆိုသည်။ 


၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရရှိလာခဲ့သော စိတ်ဓာတ်ခွန်အားများ ယခုနှစ် များ အတွင်း ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲအစည်းများထံသိုလည်း တော်လှန်ရေးခွန်အား ဓာတ်ကူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း စစ်ဆင်ရေးအရှိန်ကို ဆက် လက်မြှင့်တင်ပြီး တော်လှန်ရေးအောင်ပွဲများကို နေ့တိုင်းရယူနိုင်ရေး အတွက် အထူးကြိုးပမ်းအားထုတ်ကြရန် ညီနောင် ၃ ဖွဲ့က တိုက်တွန်းသည်။


လတ်တလော ရက်ပိုင်း အတွင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်နှင့် တိုက်ပွဲ အတွင်း သို့ ပစ်ခတ်တိုက်ခိုက်ခြင်းထက် အရပ်သားပစ်မှတ်၊ ရပ်ရွာများကို ယုတ်မာ စွာ လာရောက်ပစ်ခတ်တိုက်ခိုက်သည့်အရေအတွက်က ပိုများ လျက် ရှိနေကြောင်း ညီနောင် ၃ ဖွဲ့က သတိပေးထားသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...