Wednesday 10 January 2024

PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ မြင်ကွင်းများ



 PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ မြင်ကွင်းများ


ဇန်နဝါရီ ၁၀၊ အိုးဝေ


ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ က စစ်ကောင်စီ တပ်စခန်းတွေ ကို PSLF / TNLA က ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပါတယ်။ 


တိုက်ပွဲစဖြစ်ပြီး (၈) ရက် မြောက်နေ့မှာ ကွတ်ခိုင်မြို့အခြေစိုက် စစ်ဗျူဟာတပ်စခန်း ကို PSLF / TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကွတ်ခိုင်မြို့ကို ဇန်နဝါရီလ (၇) ရက်နေ့မှာ တအောင်းတပ်မတော် (TNLA) က အပြီးသတ် သိမ်းယူနိုင်ခဲ့တာပါ။ 


အဲ့ဒီမြို့ကို သိမ်းပိုက်ပြီးနောက် PSLF/TNLA က နယ်မြေရှင်းလင်းရေးလုပ်နေစဉ် စစ်ကောင်စီ ရဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။ 


၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တ‌အာင်းတပ်မတော် (PSLF / TNLA ) က နမ့်ဆန် ၊ မန်တုံ ၊ နမ့်ခမ်း ၊ နမ္မတူ ၊ မိုင်းငေါ့ ၊ မိုင်းလုံ မြို့ တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကွတ်ခိုင်မြို့ဟာ (၇) မြို့မြောက် သိမ်းယူနိုင်ခဲ့တဲ့ မြို့ဖြစ်လာပါတယ်။


ဓာတ်ပုံ - PSLF/TNLA က သိမ်းယူပြီးနောက် ကွတ်ခိုင်မြို့ မြင်ကွင်းများ (ဓာတ်ပုံများကို ရွှေဖီမြေသတင်းဌာနမှ ကူးယူဖော်ပြပါတယ်) 


#Oway #ABFSU #PSLF #TNLA #Operation1027

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...