Wednesday 17 January 2024

နမ့်ဖတ်ကာတွင် ပစ်ချခံရသည့် စစ်တိုက်လေယာဉ် မှ လေယာဉ်မှူး ဗိုလ်မှူး ကျော်သူရ ၊ တွဲဘက် လေယာဉ်မှူး ဗိုလ်ကြီးကောင်းထက်စံ တို့ ၂ ဦး သေဆုံး


 နမ့်ဖတ်ကာတွင် ပစ်ချခံရသည့် စစ်တိုက်လေယာဉ် မှ လေယာဉ်မှူး ဗိုလ်မှူး ကျော်သူရ ၊ တွဲဘက် လေယာဉ်မှူး ဗိုလ်ကြီးကောင်းထက်စံ တို့ ၂ ဦး သေဆုံး


ရန်ကုန်၊ ဇန်နဝါရီ ၁၇ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် KIA က ပစ်ချ လိုက် သည့် စစ်ကောင်စီတပ်၏ လေတပ်မှ FTC 2000G တိုက်လေယာဉ်မှ လေယာဉ် မှူး ဗိုလ်မှူးကျော်သူရ နှင့် တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးကောင်း ထက်စံတို့ ၂ ဦးစလုံး သေဆုံးကြောင်း လေတပ်သတင်းရင်းမြစ်များက အတည် ပြု သည်။ 

 

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် နမ့်စန်လေတပ် စခန်း ဌာနချုပ်မှ တရုတ်လုပ် FTC 2000G တိုက်လေယာဉ်သည် နမ့်ဖတ်ကာ ကို ဗုံးလာကျဲစဉ် KIA က ပစ်ချလိုက်ခြင်း ဖြစ်ပြီး ယင်း လေယာဉ် ပါ လေယာဉ် မှူး ၂ ဦးစလုံး သေ ဆုံး သွားခဲ့ကြောင်း၊ ယင်းလေယာဉ်သည် နံနက် ၉ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် ဗုံးကျဲ ရန် နမ့်စန်လေတပ်စခန်းမှ ထွက် ခွာ သွားခဲ့ ပြီးနောက် ပစ်ချခံရခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"လေယာဉ်မှူး ဗိုလ်မှူးကျော်သူရ စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ၊ တွဲဘက် လေယာဉ် မှူး ဗိုလ်ကြီးကောင်းထက်စံ စစ်တက္ကသိုလ်အပတ်စဉ် ၅၁ တို့ သေ ဆုံး ပါ တယ်။ ဗိုလ်မှူးကျော်သူရက ကရင်နီမှာ အဖမ်းခံရတဲ့ ဗိုလ်မှူး ခိုင်သန့်မိုး နဲ့ သူငယ်ချင်းတွေ။ စစ်တက္ကသိုလ်အပတ်စဉ်လည်း တူတယ်။ ၄၄ ဆင်းတွေ။ အခု ထက်ထိတော့ အလောင်းပြန်မရဘူး" ဟု လေတပ်သတင်းရင်းမြစ်က ဆို သည်။ 


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် KIA က စစ်ကောင်စီ၏ Mi17 ရဟတ် ယာဉ် ကို ပစ်ချပြီးနောက် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တရုတ်လုပ် တိုက် လေ ယာဉ် ကို ထပ်မံ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- တိုက်လေယာဉ်ပျက်သည့်နေရာ မြင်ကွင်း။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...