Tuesday, 16 January 2024

KIA ကနမ့်ဖတ်ကာတိုက်ပွဲတွင် စစ်တပ်တိုက်လေယာဥ်ကိုပစ်ချ


 ▪︎Breaking news


KIA ကနမ့်ဖတ်ကာတိုက်ပွဲတွင် စစ်တပ်တိုက်လေယာဥ်ကိုပစ်ချ


ရွှေပြည်စိုး/People's Spring 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ၌ ယနေ့ ဇန်နဝါရီ ၁၆ရက် နေ့လယ် ၁၂ နာရီခန့်က တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စီးကို KIAက ပစ်ချလိုက်ကြောင်း ကနဦးသတင်းရရှိထားကြောင်းနှင့် အသေးစိတ်အတည်ပြုနေကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။


KIA က လွန်ခဲ့သည့် နှစ်ပါတ်ခန့် (ဇန်နဝါရီ ၃ ရက်နေ့)ကလည်း မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ရိက္ခာတင်ရဟတ်ယာဉ်တစ်စီးကို ပစ်ချပြီး ရဟတ်ယာဥ်ပေါ်ပါ စစ်သားအားလုံးသေခဲ့သည်။


ထိုအပြင် ၂၀၂၁ ဧပြီလအတွင်းကလည်း ရဟတ်ယာဥ်တစ်စီကိုပစ်ချခဲ့သည်။ထိုကြောင့် KIA က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်လေယာဥ်တစ်စီး ၊ရဟတ်ယာဥ် ၂ စီးကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။


နမ့်ဖတ်ကာအ‌ခြေစိုက် ခလရ ၁၂၃ တပ်ရင်းကို ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KIA က ၁၈ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၁၅ရက်နံနက်အစောပိုင်းတွင် သိမ်းယူခဲ့သည်။ စစ်တပ်က စခန်းသိမ်းခံရပြီးနောက် လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်နေခြင်းဖြစ်သည်။


"ထိုးစစ်က ၁၈ရက်ကြာတယ်။ စခန်းသိမ်းနိုင်ပြီ။ စစ်တပ်က မနိုင်တော့လို့ လေကြောင်းကနေ လာပစ်တယ်" ဟု နမ့်ဖက်ကာမှ စစ်ဘေးရှောင်လာခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။


စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁၇) တပ်မမှူးဗိုလ်မှူးချုပ် ရဲကျော် လာရောက်ကွပ်ကဲနေသည့် ခလရ ၁၂၃ တပ်ရင်းကို

KIA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပြီးခဲ့သည့်နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း၌လည်း မကြာခဏတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်၍ နမ့်ဖက်ကာမြို့ ရပ်ကွက်(၁)အပါအဝင် မြို့ပေါ်ရပ်ကွက်အချို့မှဒေသခံ ငါးဦးထက်မနည်းသေဆုံးခဲ့သည်။ 


ထိုနောက် ဒီဇင်ဘာလ တတိယလပတ်မှစ၍ KIA က ထိုးစစ်စင်တိုက်ခိုက်ပြီး ဇန်နဝါရီ ၁၅ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KIAသတင်းရင်းမြစ်များထံမှသိရသည်။


တပ်မမှူးဗိုလ်မှူးချုပ် ရဲကျော်သည် ခလရ ၁၂၃ စတင်တိုက်ခိုက်ခံရသည့် လွန်ခဲ့သော နှစ်လခန့်မှစ၍ တပ်ရင်းအတွင်းကတုပ်ကျင်းထဲတွင်သာ နေပြီး အပြင်မထွက်ဟု ယင်းတပ်ရင်းနှင့် နီးစပ်သူများကပြောသည်။ အရက်အမြဲ‌တစေသောက်နေကာ စိတ်ဂယောက်ချောက်ခြားဖြစ်နေကြောင်းလည်း အတွင်းလူများကပြောသည်။


(နောက်ဆက်တွဲ သတင်းများဆက်လက်ဖော်ပြပါမည်)


(စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြုနေသော တိုက်လေယာဥ်များကို စစ်ရေးလေးကျင့်သောအခမ်းအနားတစ်ခုတွင် တွေ့ရစဥ်။ဓါတ်ပုံ-စစ်ကောင်စီ)

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...