Tuesday 23 January 2024

မြင်းခြံမြို့နယ်တွင် တပ်မတော်နေ့ စစ်ရေးပြရန် စစ်ဆေးခံပြီး ပြန်လာသည့် ရဲကားကို တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲ ၆ ဦး သေဆုံး၊ သေနတ် ၃ လက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ


 မြင်းခြံမြို့နယ်တွင် တပ်မတော်နေ့ စစ်ရေးပြရန် စစ်ဆေးခံပြီး ပြန်လာသည့် ရဲကားကို တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲ ၆ ဦး သေဆုံး၊ သေနတ် ၃ လက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇန်နဝါရီ ၂၃ 


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ရဲကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲ ၆ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၂ Taloke PDF တာဝန်ခံ ဗိုလ်စိမ်းမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီခန့်က ဆီမီးခုံရဲစခန်းမှ ဒုရဲအုပ် ထင်အောင်ကျော် အပါအဝင် ရဲ ၆ ဦးသည် မြင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး သို့သွား ရောက်၍ တပ်မတော်နေ့အခမ်းအနား စစ်ရေးပြရန် အတွက် လူတွေ့စစ်ဆေး ပြီး ဆီမီးခုံရဲစခန်းသို့ ပြန်လာစဉ် ဆီမီးခုံ-မြင်းခြံလမ်းမပေါ် တောပုကျေးရွာနှင့် ဆင်းဂွတ်ကျေးရွာ အကြား အရောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကားပေါ်ပါ ရဲအား လုံးသေဆုံးသွားကြောင်း သိရသည်။


“ရဲမေရယ်၊ ဒုရဲအုပ်ရယ်၊ မိန်းကလေးနှစ်ယောက်၊ အမျိုးသားက ၄ ယောက်ပေါ့၊ လက်နက်က G3 ၂ လက်နဲ့၊ အူစီတစ်လက်ရခဲ့တယ်၊ ခြောက်လုံးပြူးကတော့ ပါနိုင် တယ်လို့ တော့ယူဆရတယ်၊ ခြောက်လုံး ပြူးသေနတ်ကတော့ မရခဲ့ဘူး၊ ကျည် က G3 ကျည်က ၂၀၅ တောင့်နဲ့ ၉ မမ က ၅၃ တောင့်ခဲ့တယ်၊” ဟု မြင်းခြံ ခရိုင် တပ်ရင်း ၂ Taloke PDF တာဝန်ခံဗိုလ် စိမ်းမောင်က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။


အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၂ Takloke PDF ၊ MP 9 PDF ၊ မိုင်းဇာနည်တပ်ဖွဲ့ Freedom Fighter Guerilla Force – FFGF နှင့် မြောင် ပလဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ် ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရှိ ရသည်။


ဓာတ်ပုံ- စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်က ထုတ်ပြန်ထားသည့် တိုက်ခိုက်ခံရသည့်ရဲကားနှင့်သေဆုံးနေသော ရဲတချို့။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...