Wednesday, 24 January 2024

ဆီဆိုင်မြို့ရဲစခန်းကို PNLA သိမ်းပိုက်


 ဆီဆိုင်မြို့ရဲစခန်းကို PNLA သိမ်းပိုက်

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * *


ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရဲစခန်း ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့ ညပိုင်းတွင် PNLA တပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


ယနေ့ ညနေပိုင်းတွင် ဆီဆိုင်တောင်ပိုင်း ပုံလောင်းဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲပြီးနောက် ဆီဆိုင်မြို့အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ ည(၇)နာရီဝန်းကျင်တွင် ရဲစခန်းသိမ်းခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 


"ရဲစခန်းသိမ်းခံရတဲ့သတင်းကအမှန်ပါ။ အခုက တိုက်ပွဲငြိမ်သွားပြီ။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တာ။ ပူးပေါင်းအဖွဲ့လို့ပဲ ကြားမိပါတယ်။ ရဲအင်အား မရှိဘဲ၊ အပြန်အလှန်ပစ်ခတ်မှု မလုပ်ရဘဲ သိမ်းသွားတယ်လို့ပဲ မြင်မိပါတယ်။ ဘာလို့ဆို ရဲတွေက အရင်ရက်ကတည်းက စခန်းကို စွန့်ပြီးကြိုရှောင်ထားကြလို့။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။


ရဲစခန်းသိမ်းပိုက်ခံရခြင်းနှင့်ပတ်သက်ပြီး Tachileik News Agencyက ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။


အဆိုပါ ပစ်ခတ်မှုများဖြစ်နေစဉ် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် (၄၂၅)၊ (၄၂၆)၊ တပ်မ(၅၅)တို့က စစ်ကူများ ဆီဆိုင်အခြေစိုက် ခမရ(၄၂၄) တပ်ရင်းတွင် ရောက်ရှိနေသည်ဟု ဒေသခံများက ပြောဆိုသော်လည်း Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။


ဆီဆိုင်မြို့ခံများသည် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်သဖြင့် ယနေ့တွင်ပင် ထွက်ပြေးတိမ်းရှောင်နေရာ မြို့လုံးကျွတ် တိတ်ဆိတ်နေပြီး နေ့လယ်ပိုင်းကပင် စစ်ကောင်စီတပ်က လေယာဉ်‌များပျံသန်းနေကြောင်း ဒေသခံများထံကသိရသည်။


#TachileikNewsAgency

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...