Thursday 25 January 2024

ရှမ်းမြောက်နဲ့ အထက်မြန်မာပြည်တစ်ခုလုံးကို ဆုံးရှူံးရတော့မယ့် စစ်တပ်


 ရှမ်းမြောက်နဲ့ အထက်မြန်မာပြည်တစ်ခုလုံးကို ဆုံးရှူံးရတော့မယ့် စစ်တပ်


အာဏာသိမ်းမှုစတင်ခဲ့တဲ့ ၂၀၂၁ အခင်းအကျင်းမှာ စစ်တပ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ပြည်သူတွေနဲ့ တသားတည်းရှိနေခဲ့တဲ့ KIAဟာ မဟာမိတ်ညီနောင် ၃ ဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး အနားယူ အားဖြည့်ဖို့ကြံနေတဲ့ စစ်ကောင်စီတပ်တွေကို အနားယူခွင့်မပေးဘဲ ဆက်လက် တိုက်ခိုက်နေတာကို မြင်တွေ့လာရပါတယ်။ 


ဒီနေရာမှာ တော်လှန်ပြည်သူတွေ စိုးရိမ်နေကြတဲ့ အချက်တစ်ခုဖြစ်တဲ့ မြောက်ပိုင်းထိုးစစ်တွေရပ်သွားခဲ့ရင် တော်လှန်ရေးဟာလည်း ရပ်တန့်သွားမှာလားဆိုတဲ့ စိုးရိမ်ချက်တွေကို KIAက အလုပ်နဲ့ သက်သေပြပြီး ဇန်နဝါရီလ ၂၁ရက်နေ့မှာပဲ မဘိမ်းမြို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ထိန်းချုပ်လိုက်တာကို မြင်တွေ့ရပါတယ်။ 


အပစ်ခတ်ရပ်စဲထားတဲ့ ရှမ်းမြောက်တိုက်ပွဲတွေအပြီး စစ်အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ KIAရဲ့ ထိုးစစ်ဆင်မှုကြောင့် ဗန်းမော်၊ကသာမှာရှိတဲ့ စစ်စခန်း၊ရဲစခန်းတွေအပြင် မဘိမ်းမြို့ကိုပါ လက်လွှတ်ခံလိုက်ရတဲ့အတွက် ၎င်းတို့ ရင်ဘတ်ထဲ မီးစနဲ့ထိုးခံရသလို ပူလောင်နေမယ်ဆိုတာ အသေအချာပါပဲ ။


အကြောင်းရင်းက မဘိမ်းမြို့ဟာ ရှမ်းမြောက်ဒေသ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ပါ ထိစပ်နေတဲ့ ဒေသဖြစ်တာကြောင့် မဘိမ်းမြို့ကို ထိန်းချုပ်နိုင်ခြင်းဟာ မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေနဲ့ KIAအပါအ၀င် မြောက်ပိုင်းအဖွဲ့တွေဟာ စစ်ရေးအရတဆက်တည်း ပူးပေါင်းသွားနိုင်မယ့် အနေအထား ဖြစ်လာနိုင်တာကြောင့်ပါ။ 


၂၀၂၄ ဇန်နဝါရီ ၂၀ မှာ ဖားကန့်ဒေသမှာရှိတဲ့ ဝှေခါစခန်းကို KIAက သိမ်းပိုက်လိုက်တဲ့အပြင် ဖားကန့်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ မိုးမိတ်ကိုလည်း တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်မှ အသည်းအသန်ခုခံနေရတာကို မြင်တွေ့ရပါတယ်။ 


အကယ်၍ မိုးမိတ်သာ ကျသွားခဲ့ရင် စစ်ကောင်စီရဲ့ အသက်သွေးကြောဖြစ်တဲ့ မိုးကုတ်ပတ္တမြားမြေဟာလည်း တော်လှန်ရေးတပ်တွေရဲ့ ဝန်းရံမှု ခံရမှာ ဖြစ်ပါတယ်။


ဒါ့အပြင် ညီနောင် ၃ဖော်သိမ်းပိုက်ထားတဲ့ ချင်းရွှေဟော်၊လောက်ကိုင်နဲ့ ပလက်၀ဒေသမှာရှိတဲ့ လမ်းကြောင်းပေါ်က အဓိကမြို့တွေဟာလည်း တရုတ်နဲ့ စီးပွားရေးအရ ဆက်သွယ်နိုင်တဲ့နေရာတွေ ဖြစ်တာကြောင့် စစ်ကောင်စီဘက်မှ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း ပိတ်ဆို့ခံလာရပါတယ်။ 


လက်ရှိမှာ ထိုးစစ်ကနေ ခံစစ်အသွင်ကိုပြောင်းလဲနေရတဲ့ စစ်ကောင်စီဟာ သူလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဒေသတွေကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ မရှိတဲ့အပြင် တပ်ဖွဲ့စည်းပုံဟာလည်း ပျက်စီးနေတာကြောင့် တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေကိုလည်း ရေရှည်မှာ ခုခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး ။ 


ဒါကြောင့် စစ်ကောင်စီအနေနဲ့ မကြာခင်မှာ ဖားကန့်နဲ့ မိုးမိတ်ကိုလည်း

KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ လက်ထဲပေးလိုက်ရဖို့ ရှိတဲ့အပြင် 


မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း ထိန်းချုပ်ဖို့ ပိုမိုပြီး ခက်ခဲသွားမှာဖြစ်ပြီး မြန်မာပြည်အထက်ပိုင်းတစ်ခုလုံးကိုပါ လက်လွှတ်လိုက်ရမယ့်အထိကို ဖြစ်လာနိုင်ပါတယ်။ 


ဒါ့အပြင် "လမ်းများအားလုံးနေပြည်တော်သို့" ဆိုတဲ့ ကြွေးကြော်သံတွေကြောင့် စစ်ကောင်စီ အနေနဲ့ နေပြည်တော်အထိ တိုက်ခိုက်မခံရဖို့ ၊ မြောက်ပိုင်း ၃ဖွဲ့နဲ့ မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းမလာနိုင်အောင် လုပ်ဖို့အတွက်က စစ်ကောင်စီအနေနဲ့ မဘိမ်းမြို့ကို ပြန်လည်ရယူပြီး မိုးမိတ်ကိုလည်း မကျအောင် မဖြစ်မနေ ခုခံမှသာ ဒီအခြေအနေကို ထိန်းထားနိုင်မှာဖြစ်ပါတယ် ။


ဒါကြောင့် ရှမ်းမြောက်က အစပြုလာတဲ့ တိုက်ပွဲတွေဟာ ဗန်းမော်၊ကသာ စတဲ့ ဒေသတွေအပြင် မိုးမိတ်ဒေသတွေမှာပါ ပြင်းထန်လာနိုင်ပြီး စစ်ကောင်စီဘက်က လည်း အသေအလဲ ခုခံဖို့ကြိုးစားလာမှာ ဖြစ်တဲ့အတွက် စစ်တပ် အသေအပျောက် စာရင်းထပ်မံတိုးတက်ဖို့ ရှိလာနိုင်တယ်ဆိုတာကို သုံးသပ်လိုက်ရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...