Friday 26 January 2024

ထားဝယ်မြို့နယ်၊ ကျောက်ထု တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


 ထားဝယ်မြို့နယ်၊ ကျောက်ထု တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇန်နဝါရီ ၂၆


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသရှိ ကျောက်ထုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိကာ စိန် ပြောင်းလက်နက်များအပါအဝင် လက်နက် ၁၈ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။


ဇန်နဝါရီလ ၂၄ ရက် ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသရှိ အ ကြမ်းဖက်စစ်ကောင်စီ၏ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၇၃ မှ ခြေ ကုပ်ယူတပ်စွဲထားသည့် ကျောက်ထု စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ၇ ဦးဖမ်းဆီးရရှိခဲ့ကာ စခန်းကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။


ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း MA1 သေနတ် ၄ လက်၊ MA2 သေနတ် ၂ လက်၊ MA3-သေနတ် ၆ လက်၊ MA4 သေနတ် ၁ လက်၊ MA5 သေနတ် ၁ လက်၊ ငါးကြင်းမြီး သေနတ် ၁ လက်၊ RPG7-၁ လက်၊ 60mm ကွန်မန်ဒိုစိန်ပြောင်း- ၂ လက်၊ 60mm ကျည်- ၁၆ လုံး၊ RPG7 ကျည်-၅ လုံး၊ 40 mm ကျည်- ၄၂ လုံး၊ ၅.၅၆ ကျည်- ၃၀၉၀) တောင့်၊ ၇.၆၂ ကျည်- ၁၁၀၀ တောင့်၊ လက်ပစ်ဗုံး၊ အီနာဂါဗုံး၊ရှေထွက်မိုင်း၊ တိုက်မိုင်း၊ နင်းမိုင်း၊ စကားပြောစက်များ နှင့်ဆက်စပ်ပစ္စည်းများ စွာတို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ ၊တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၂၇ ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...