Saturday 27 January 2024

ယောချောင်းဗျူဟာကုန်းကို AAထပ်မံ သိမ်းပိုက်


 ယောချောင်းဗျူဟာကုန်းကို AAထပ်မံ သိမ်းပိုက်


ဇန်နဝါရီ-၂၇


ရခိုင်ပြည်နယ် မြေပုံမြို့က ယောချောင်းဗျူဟာကုန်းကို ရခိုင့်တပ်တော် AAက သိမ်းဆည်းပြီး အနီးနားရှိ စခန်းကုန်းတွေက ၁၂၂မမ ဟောက်ဝစ်ဇာအမြှောက်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


အဲဒီဗျူဟာကုန်းကို ရခိုင့်တပ်တော်AAက မနေ့ ဇန်နဝါရီလ၂၆ရက် နံနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တာလို့ AAက ဆိုပါတယ်။


အဲဒီဗျူဟာကုန်သိမ်းခံရပြီးနောက် စစ်တပ်တပ်ဖွဲ့ဝင်တွေက စစ်သင်္ဘောနှစ်စီးနဲ့ ထွက်ပြီးခဲ့ပြီး AAက လိုက်ခံချေမှုန်းခဲ့တာကြောင့် စစ်တပ်တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ကိုးကန့်နဲ့ တအောင်းဒေသတွေမှာ လတ်တလော စစ်ရေးအခြေအနေအရ တိုက်ပွဲတွေ ကြီးကြီးမားမား မရှိပေမယ့်လည်း ရခိုင်မှာတော့ တိုက်ပွဲတွေ ဆက်လက်မြင့်တက်လျက်ရှိတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။


ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နဲ့  ရမ်းဗြဲမြို့နယ်တွေမှာလည်း AAက ဆက်လက်ထိုးစစ်ဆင်နေပြိး တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...