Saturday 27 January 2024

မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေ အတွင်းရှိ KIA က သိမ်းပိုက်ခဲ့သော စခန်းကုန်းများနှင့် မြို့ရွာများကို KIA စစ်ဦးစီးချုပ်နှင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည် စစ်ဆေ



 မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေ အတွင်းရှိ KIA က သိမ်းပိုက်ခဲ့သော စခန်းကုန်းများနှင့် မြို့ရွာများကို KIA စစ်ဦးစီးချုပ်နှင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည် စစ်ဆေး


ရန်ကုန်၊ ဇန်နဝါရီ ၂၇


ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေ အတွင်းရှိ သိမ်းပိုက်ရရှိသော စခန်းကုန်းများနှင့် မြို့ရွာများကို KIA စစ်ဦးစီးချုပ်နှင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။


ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိ စခန်းကုန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို့ ဦးဆောင်ကာ လှည့်လည် စစ်ဆေးခဲ့ကြောင်းသိရှိရသည်။


သိမ်းပိုက်ရရှိသော စခန်းကုန်းများ၊ မြို့ရွာများနှင့် စစ်လက်နက်ပစ္စည်းများကို အဆိုပါ ခရီးစဥ်အတွင်း စစ်ဆေးခဲ့ပြီး ဖမ်းဆည်းရမိသော စစ်သုံ့ပန်းများ၊ ပြည်သူ့ရင်ခွင်ခိုလှုံထားသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ သိမ်းပိုက်ရရှိသော စစ်လက်နက်ပစ္စည်းများကို ပြည်သူ့တော်လှန်ရေးရဲဘော်များအား တပ်ဆင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...