Sunday 28 January 2024

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် များက ထိုးစစ်ဆင်နေသော်လည်း ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက ဆက်လက် သိမ်းပိုက်ထားဆဲ


 စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် များက ထိုးစစ်ဆင်နေသော်လည်း ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက ဆက်လက် သိမ်းပိုက်ထားဆဲ


ရန်ကုန်၊ ဇန်နဝါရီ ၂၈ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက ဆီဆိုင်မြို့ကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသော်လည်း PNLA နှင့်မဟာမိတ်တပ်များက မြို့ကို ဆက်လက် သိမ်း ပိုက်ထားဆဲဖြစ်ကြောင်း သိရှိရသည်။ 


ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဆီဆိုင်မြို့နယ်ရှိ ခမရ ၄၂၄ တပ်ကို ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးတပ်မတော်(PNLA)က သိမ်းပိုက်ခဲ့ပြီး လက် နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆီဆိုင်မြို့ပေါ်ရှိ ရဲစခန်း ၊ ထွေ/အုပ်ရုံး အပါအဝင် ဌာနဆိုင်ရာရုံးများအားလုံးကို PNLA နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။


"အခုထက်ထိတော့ စစ်တပ်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်ပေမယ့် တော်လှန်ရေးတပ်တွေက ဆီဆိုင်မြို့ကို ဆက်လက် သိမ်းပိုက်ထားပါတယ်" ဟု PNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။   


ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်၍ စစ်ကောင်စီက သထုံႏပေႏ (ဆီဆိုင်) မြို့ နှင့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခတ်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်း PNLA က တရားဝင် သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...