Tuesday 9 January 2024

တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်း စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်း များ နှင့်အတူ အလင်းဝင်၊ သေနတ် တစ်လက်လျှင် ငွေကျပ် သိန်း ၆၀ နှုန်းဖြင့် ဆုချီးမြှင့်ထား


 တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်း စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်း များ နှင့်အတူ အလင်းဝင်၊ သေနတ် တစ်လက်လျှင် ငွေကျပ် သိန်း ၆၀ နှုန်းဖြင့် ဆုချီးမြှင့်ထား


ရန်ကုန်၊ ဇန်နဝါရီလ ၉ 


ချင်းပြည်နယ်၊ ခလရ ၂၆၉ စစ်ကောင်စီလက်အောက်ခံ တပ်သား ၃ ဦး လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး သေနတ် တစ်လက်လျှင် ငွေ ကျပ် သိန်း ၆၀ နှုန်းဖြင့် ဆုချီးမြှင့်ထားကြောင်း PDF Zoland မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ဇန်နဝါရီလ ၆ ရက်‌နေ့က တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ စစ် ကောင်စီတပ်သား ၃ ဦး သည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ထံ ဆက်လက်နေထိုင်လိုခြင်းမရှိတော့သဖြင့် ၎င်းတို့ ကိုင်ဆောင်သော သေနတ်၊ ကျည်ဘောက်၊ ကျည်ဆန်၊ ခဲယမ်များနှင့်အတူ PDF Zoland ထံ အလင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပါရှိလာသော လက်နက်တစ်လက်လျှင် သိန်း ၆၀ ကျပ်နှုန်းဖြင့် ချီးမြှင့် ထားကြောင်း သိရသည်။


“ဒီလ ၆ ရက်နေ့ကပါ၊ လက်နက် ၃ လက်ရယ်၊ ကျည်ဆန်လည်းပါတယ်၊ လက် ပစ် ဗုံးတွေလည်း ပါတယ်။ ဆုကြေးတွေပေးထားတယ်၊ တစ်လက်ကို သိန်း ၆၀ ၊ နောက်ပြီးတော့ ကျည်ဆံလဲပါမယ်၊ လော လောဆယ်တော့ သူတို့ က တော် လှန်ရေးအဖွဲ့ထဲမှာ‌ ခေတ္တနားနေတယ်၊ ခိုလှုံနေတယ်၊ မိသားစုတွေ မပါဘူး၊ သူတို့ ၃ ယောက်က လူပျိုတွေပဲ” ဟု PDF Zoland မှ တာဝန်ရှိသူ က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...