Monday 8 January 2024

စစ်ကောင်စီ တပ်က အင်အား ၂၀၀ ခန့် လက်နက်ချ



စစ်ကောင်စီ တပ်က အင်အား ၂၀၀ ခန့် လက်နက်ချ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်


ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှလည်းစစ်ကောင်စီ အင်အား (၂၀၀) ခန့် (စခန်းတစ်ခုလုံး) သည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံခဲ့သည်ဟု ရက္ခိုင်တပ်တော် AA ကသတင်းထုတ်ပြန်သည်။


ထို့အပြင်စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း မိမိတို့ထံ ဤကဲ့သို့ လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံရန် ဆက်သွယ်မှုများရရှိထားသည်။


တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြသည်။


နောက်ဆက်တွဲ သိမ်းပိုက်ရရှိထားသော စခန်းအဖြစ် ရက္ခိုင်ပြည်၊ မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီတပ်ရဲ့စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။


စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက မိမိတို့ထံ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။
 

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...