Monday 8 January 2024

တော်လှန်ရေးတပ်များ သိန္နီ စကခ ၁၆ စစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်။




 တော်လှန်ရေးတပ်များ သိန္နီ စကခ ၁၆ စစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်။


သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိ

++++++++++++++

ဇန်နဝါရီ ၈ 


ညီနောင်မဟာမိတ် ၃ဖွဲ့၊ KNDF၊ PLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာရှိတဲ့ စကခ ၁၆ စစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။


တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အဆိုပါ စစ်ဌာနချုပ်ကို ယမန်နေ့က သိမ်းပိုက်လိုက်နိုင်တာဖြစ်ပြီး၊ သံချပ်ကာကားများနဲ့ ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 


တော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၁ ရက်နေ့ကစတင်ပြီး သိန္နီမြို့ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် သိန္နီမြို့အထွက် နမ်မတူချောင်း တံတားထိပ်က စတင်တိုက်ခိုက်ခဲ့ရာက ကောင်းဟော်ရွာမှည တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်နေ့မှာ ကောင်းဟော်ရွာတခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 


ဒါ့အပြင် ခလရ ၆၉ တပ်ကိုလည်း ဇန်နဝါရီ ၃ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်နေ့မှာ ခလရ ၆၉ ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 


ဇန်နဝါရီ ၄ ရက်နေ့မှာတော့ တပ်မ ၁၆ ဌာနချုပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျန်နေတဲ့ စကခ ၁၆ ဧရိယာတခုလုံးမှာရှိတဲ့ တပ်ရင်းများ၊ လက်နက်ကြီးကုန်းများ၊ လေယာဥ်ကွင်းများ၊ လက်နက်ဂိုဒေါင်များ၊ သံချပ်ကာကားများ၊ ပွိုင့် 5 လက်နက်များ၊ ဟောင်ဝစ်ဇာများနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 


စစ်အင်ဂျင်နီယာတပ် (ခေါ်) GEတပ် ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကုန်လုံး ထွက်ပြေးကြသလို ဇန်နဝါရီ ၇ ရက်နေ့ မနက် ၉ နာရီမှာတော့ စကခ ၁၆ ဧရိယာတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 


မိုင်လီ ပန်ဖက်တံတားအနားအထိ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့မှာ KNDF က တော်လှန်ရေးတပ်များဘက်က စစ်ကူဝင်လာသလို MNDAA ရဲ့ ၅၀၁ တပ်နဲ့ ဒရုန်းတပ်များကလည်း စစ်ကူ အဖြစ် ဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...