Monday 8 January 2024

ကွတ်ခိုင်မြို့ကို ထိန်းချုပ်နိုင်ပြီဟု TNLA ပြော ▪️TNLAအလုံးစုံ သိမ်းပိုက်နိုင်သည့် မြို့ ၇မြို့အထိရှိလာ



 ကွတ်ခိုင်မြို့ကို ထိန်းချုပ်နိုင်ပြီဟု TNLA ပြော


▪️TNLAအလုံးစုံ သိမ်းပိုက်နိုင်သည့် မြို့ ၇မြို့အထိရှိလာ


ဟန်နွေ/People's Spring


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ စစ် ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီဟု တအာင်းတပ်မတော်(TNLA) သတင်းပြန် ကြားရေးအရာရှိက ပြောသည်။


ကွတ်ခိုင်မြို့ စစ်ကောင်စီတပ် စခန်းကို ဒီဇင်ဘာလကုန်တွင် TNLA က ထိုးစစ်ဆင်ရာ ၁၀ရက်အကြာ ယမန်နေ့ (ဇန်နဝါရီ ၇ရက်) ညတွင် သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။


"ကွတ်ခိုင်တပ်စခန်းကို တော့ မနေ့တုန်းက ကျမတို့ တပ်ဖွဲ့ကဗျူဟာကုန်းကိုဝင်ပြီးတော့ တိုက်ခိုက်ပြီးတော့မှ စခန်းကိုရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ် ။ အခုအနေအထားက ကွတ်ခိုင်ကို ထိန်းချုပ်ထားတဲ့ အနေအထားလို့ ပြောလို့ရပါတယ်"ဟု TNLA ပြန်ကြားရေး အရာရှိက ပြောသည်။


သို့သော် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အသေးစိတ် သတင်း မတက်လာသေးဟု ဆိုသည်။


"အခု (ကွတ်ခိုင်)အပါအဝင် ၇မြိုရှိပြီ"ဟု TNLA သိမ်းနိုင်သည့် မြို့အရေ အတွက်ကိုပြောပြသည်။


ယမန်နေ့တွင် သိန္နီမြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၆)နောက်တန်းဌာနချုပ်ကိုလည်းသိမ်းထားဟု ညီနောင်သုံးဖွဲ့က ထုတ် ပြန်ထားသည်။ 


သိန္နီမြို့တွင် နောက်ဆုံးကျန်နေသည့် တပ်စခန်းလည်း ဖြစ်သည်။ မြို့ကို ၁၀၂၇ စစ်ဆင်ရေး အစကတည်းက ညီနောင်မဟာမိတ်တပ်များက ထိန်းချုပ်ထားနိုင်ခဲ့သည်။


"သိန္နီကျတော့ ကျမတို့ ဝင်တိုက်တာမဟုတ်ဘူး။ မနေ့တုန်းက မဟာမိတ်တပ်ဖွဲ့ က ဝင်တိုက်တာဖြစ်တယ်"TNLA ပြန်ကြားရေး အရာရှိက ပြောသည်။


မြို့ခံတစ်ဦးက "သိန္နီကို မနေ့ကတည်းက မဟာမတ်တွေသိမ်းသွားတာ။ ဒီနေ့ ဘာပစ်ခတ်သံမှ မကြားရတော့ဘူး။ အရေးအကြီးဆုံးက စစ်ရှောင်နေသူတွေကို ပြန်လက်ခံဖို့ပါ။ ဒါကို စနစ်တကျ ကူညီစေချင်တယ်"ဟု ပြောသည်။


(ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းအား TNLA တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန)

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...