ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၆)ဦး လက်နက်များနှင့်တကွ KNDF ထံဘတ်ပြောင်းခိုလှုံလာခြင်း ။
၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ (၅)ရက်နေ့ ။
ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ရှိ စစ်ကောင်စီ၏ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၆)ဦးမှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း၌ လက်နက်အပြည့်အစုံဖြင့် မိမိတို့ KNDF တပ်ရင်းများထံ ဘက်ပြောင်းခိုလှုံလာခဲ့ပါသည်။
နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အမျိုးသား (၃)ဦး ၊ အမျိုးသမီး (၂) ဦးတို့မှာ လက်နက် (၅)လက်နှင့် ကျည်ဆန်များ ဖြင့်လည်ကောင်း ဒီဇင်ဘာလ (၅) ရက်နေ့တွင် ရဲတပ်သား အမျိုးသားတစ်ဦး မှာ မိသားစုနှင့်အတူ လက်နက် (၁) လက်ဖြင့်လည်ကောင်း မိမိတို့ KNDF ထံဘက်ပြောင်းခိုလှုံခဲ့လာခဲ့ပါသည်။
မိမိတို့ KNDF ထံဘတ်ပြောင်းခိုလှုံလာခဲ့သူများအား ၎င်းတို့၏ ဆန္ဒများအတိုင်း သွာလာနေထိုင်ခွင့်များပေးထားပြီး ခံစားခွင့်ရရှိမည့် ဆုကြေးများကို ပေးအပ်ခဲ့ပါသည်။ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ၊ စစ်ကောင်စီတပ်သားများ အနေဖြင့် ယခုလိုကာလအတွင်း လမ်းမှန်ပေါ်လျှောက်၍ ပြည်သူနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းလာကြပါရန် တိုက်တွန်းလိုပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစိတ်ချမှုကိုလည်း မိမိတို့ဖက်မှ ပြည့်ဝစွာ အာမခံကြောင်း အသိပေးလိုပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။
No comments:
Post a Comment