Monday 1 January 2024

လောက်ကိုင်ရှိ ခြေမြန်တပ်ရင်း ၃၂၂ စခန်းကို MNDAA သိမ်းပိုက်

လောက်ကိုင်ရှိ ခြေမြန်တပ်ရင်း ၃၂၂ စခန်းကို MNDAA သိမ်းပိုက်
-------------
ကိုးကန့်ဒေသတွင် တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ် စွန့်သွားသည့် ခမရ ၃၂၂ စခန်းကို ကိုးကန့်တပ်ဖွဲ့က ရသွားသည်။ လောက်ကိုင်မြို့တွင် နေထိုင်သူများ ထွက်ခွာကြရန် ကိုးကန့်တပ်က တိုက်တွန်းထားသည်။

လောက်ကိုင်တစ်မြို့လုံးနီးပါးကို MNDAA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသော်လည်း ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်စခန်းနှင့် အခြား စခန်း ၂ ခုတွင် စစ်ကောင်စီတပ် ဆက်လက် တပ်စွဲထားဆဲဖြစ်သည်။

ဒေသတွင်းတိုက်ပွဲများ ပြင်းထန်နေချိန် ဒီဇင်ဘာ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းသုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တိုက်ပွဲများ သီတင်းတစ်ပတ်ခန့် ငြိမ်သက်ခဲ့သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/47629/

ပုံစာ - လောက်ကိုင်မြို့၊ တုန်ချိန်ရပ်ကွက်၏ တောင်ဘက်ခြမ်းရှိ တာရင်တောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို MNDAA တပ်များ သိမ်းပိုက်အပြီး ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − The Kokang)

#MyanmarNow #Laukkaing #လောက်ကိုင် #MNDAA

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...