စစ်ကောင်စီ ရဟတ်ယာဥ်တစ်စင်းကို KIA ပစ်ချနိုင်ခဲ့
3 Jan 2024 By MPA CJ 001
ကချင်ပြည်နယ်၊ မြစ်ကြီးနား - လိုင်ဇာလမ်း၊ ဝိုင်းမော်မြို့၊ နာဖော့စစ်ကောင်စီတပ်စခန်းကို ဦးတည်ပျံသန်းလာသည့် Mi 17 အမျိုးအစား ရဟတ်ယာဥ်တစ်စင်းကို KIAက ယနေ့ (ဇန်နဝါရီ ၃ ရက်)၊ နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ချနိုင်ခဲ့ ကြောင်း သိရသည်။
"မြစ်ကြီးနားဘက်က တက်လာတဲ့ လေယာဥ်လို့ ကနဦးသိရတယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပဲ" ဟု စစ်ရေးနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီ၏ ထောက်ပို့ရဟတ်ယာဉ်အား လိုင်ဇာမြို့ လိုင်စင်နှင့် နန်ဆန်ယန်ကြားတွင် KIA ကပစ်ချခဲ့ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ် ပျက်ကျခဲ့သည့် ရုပ်သံသည် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။
"မနေ့ကတည်း လိုင်စင်နဲ့ နန်ဆန်ယန်မှာ ရဟတ်ယာဉ်တွေဝဲနေတာ၊ ဒီနေ့မှာ အဲ့ဒီနေရာမှာတင် ပျက်ကျသွားတာ" ဟု လိုင်ဇာမြို့ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ထောက်ပို့ရဟတ်ယာဉ် ပျက်ကျမှုနှင့်ပတ်သက်ပြီး ထပ်မံသိရှိရသည့် သတင်းအချက်အလက်များကို MPA က ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/38vpb
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Photo - လူမှုကွန်ရက် (ပုံစာ - ပျက်ကျခဲ့သည့် ရဟတ်ယာဉ် မီးခိုးတန်းအားမြင်ရစဉ်)
စာတည်း - ကိုဆန်း
#ကချင်ပြည် #မြစ်ကြီးနား #လိုင်ဇာ #ဝိုင်းမော် #နာဖော့ #စစ်ကောင်စီ #KIA #MPA #CJ001
No comments:
Post a Comment