Wednesday, 3 January 2024

AA က စစ်တပ်၏ချင်းလက်ဝစခန်းကုန်းကိုထပ်မံသိမ်းပိုက်


 AA က စစ်တပ်၏ချင်းလက်ဝစခန်းကုန်းကိုထပ်မံသိမ်းပိုက်


▪︎လက်နက်ခဲယမ်းများစွာနှင့် စစ်သားအလောင်းများသိမ်းဆည်းရရှိဟုထုတ်ပြန်


-People's Spring 


ရက္ခိုင်တပ်တော် (AA) က ယနေ့ (ဇန်နဝါရီလ ၃) တွင် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကုန်း အားသိမ်းဆည်းရရှိပြီး စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ

သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်သည်။


AA က ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ရခိုင်နှင့် ပလက်ဝဒေသအတွင်း၌ စစ်တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီ ၂ ရက်တွင် ပလက်ဝမြို့နယ်၊ ခမောင်းဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ထိုနောက်ယနေ့ ဇန်နဝါရီလ (၃) ရက်နေ့၌လည်း ချင်းလက်ဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း A! က ယနေ့(ဇန်နဝါရီ ၃ ရက် )ည ၁၁ နာရီခွဲတွင်ထုတ်ပြန်သည်။


(စစ်တပ်၏ ချင်းလက်ဝ စခန်းကုန်းမှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-AA)

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...