Thursday, 4 January 2024

နောင်ချို၊ သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိ၊ စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းများနှင့် Jammer စက်ကြီးများ သိမ်းဆည်းရရှိ



 နောင်ချို၊ သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိ၊ စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းများနှင့် Jammer စက်ကြီးများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇန်နဝါရီ ၄ 


ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြားကာ လက်နက်ခဲယမ်းများနှင့် Jammer စက်ကြီးများ သိမ်းဆည်းရရှိကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 



 “တောင်သမန် စစ်ဆင်ရေး”ဖြင့် စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးတိုက်ပွဲများ ဖော်ဆောင်နေချိန် ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲများက နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ 

 ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ 


ထို့ပြင် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန် ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို ကား ၃ စီးနှင့်လာသော စစ်ကူစစ်ကြောင်းကို ထပ်မံဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ 


သံဘိုကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ၊ အဆိုပါ သံဘိုကျေးရွာတိုက်ပွဲတွင် ကျွန်ုပ်တို ပြည့်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှလည်း ပေးဆပ်မှုအချို ရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ဗျူဟာမြောက် ရန့်သူ့စစ်စခန်းတစ်ခုကို နှစ်သစ်ကူးလက်ဆောင်အနေဖြင့် ပြည်သူထံ ယူဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပြီး မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများတိုးမြှင့် လုပ်ဆောင်နိုင်ရန် အခြေအနေကောင်းများကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပြောဆိုထားသည်။ 


"ဖမ်းဆီးရရှိတဲ့ ဒုဗိုလ်မှူးကြီး သက်အောင်က သံဘိုကျေးရွာစခန်းရဲ့ စစ်ကြောင်းမှူးပါ။ " ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

No comments:

Post a Comment

မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

 မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် ရန်ကုန်၊ နိုဝင်ဘာ ၁၀  မကွေးတိုင်းတွင် အကြမ်းဖက် စစ်တပ်၏...