Friday, 5 January 2024

နမ့်ခမ်း စခန်းသစ်ကုန်းတပ်စခန်း၌ စစ်ကောင်စီ ဝှက်ထားသည့် လက်နက်ခဲယမ်းများ TNLA ထပ်မံရရှိ


 နမ့်ခမ်း စခန်းသစ်ကုန်းတပ်စခန်း၌ စစ်ကောင်စီ ဝှက်ထားသည့် လက်နက်ခဲယမ်းများ TNLA ထပ်မံရရှိ


▪️ကွတ်ခိုင် ၊ မိုးမိတ်နှင့် ကျောက်မဲရှိ စစ်ကောင်စီ စခန်းများ TNLA ထိုးစစ်ဆင်


မိုးမိုး/People's Spring 


တအာင်းတပ်မတော်(PSLF/TNLA)က တိုက်ခိုက် သိမ်းပိုက်ပြီးသော စခန်းသစ်ကုန်းတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်မှ ဝှက်ထားခဲ့သော လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရခဲ့မိခဲ့သည်ဟု TNLA က အသိပေးသည်။


ယမန်နေ့ (ဇန်နဝါရီ ၄ရက်)က တအာင်းပြည်နယ် အတွင်း ၁၀၂၇ စစ်ဆင်ရေးအခြေအနေကို ထုတ်ပြန်ရာ ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။


နမ့်ခမ်း စခန်းသစ်စခန်းကို TNLA က ရက်ပေါင်း ၃၀ကျော် ထိုးစစ်ဆင်ခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်း ၊လက်နက်ကြီး ပစ်ကူသုံး ခုခံနေသည့်ကြားမှ စခန်းကိုရရှိခဲ့ပြီး မြို့ကိုအလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။


ယမန်နေ့ တိုက်ပွဲသတင်းအချုပ်ကို TNLAက ထုတ်ပြန်ခဲ့ရာ ကွတ်ခိုင်မြို့ စစ်ကောင်စီ တပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်(PSLF/TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။


မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီဆင်ကင်တပ် စခန်းတွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ 

ကြောင်း ဖော်ပြသည်။


စစ်ကောင်စီ၏ မိုးမိတ်တပ်စခန်း၌လည်း တိုက်ပွဲဖြစ်ပွားရာ ဆင်ကင်တပ်စခန်းသို့ လက်နက်ကြီးဖြင့် (၁၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထို့ပြင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ ဆင်ကင်တပ်စခန်းတွင် Jet Fighter ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။


ကျောက်မဲမြို့နယ် စစ်ကောင်စီ၏ ကျောက်မဲတပ်စခန်းတွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။


မူဆယ်မြို့နယ် စစ်ကောင်စီတပ်မှ (၄၅၆၁)ကုန်းသို့ လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ကျောက်မဲမြို့နယ် စစ်ကောင်တပ်မှ ခွန်ကော်ကျေးရွာ၊ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၁၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း 

ဖော်ပြသည်။


လားရှိူးမြို့နယ် စစ်ကောင်စီတပ်မှ ပန်ဖတ် ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးကွတ်ခိုင်မြို့နယ် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ Y12 ဖြင့် (၂)ကြိမ်၊ Jet Fighter ဖြင့် (၂)ကြိမ်၊ ဗုံး (၁၉)လုံး လာရောက်ပစ်ချတိုက်ခိုက်ခဲ့ ‌

ကြောင်း ထုတ်ပြန်သည်။


ထို့အပြင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ ခလရ-၁၄၄ မန်တပ်စခန်းတွင် စစ်ကောင်စီတပ်မှ စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းမျာ (၁)ကြိမ် လာရောက်ပို့ချခဲ့သည်ဟု ဖော်ပြခဲ့သည်။

No comments:

Post a Comment

မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

 မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် ရန်ကုန်၊ နိုဝင်ဘာ ၁၀  မကွေးတိုင်းတွင် အကြမ်းဖက် စစ်တပ်၏...